Jump to ratings and reviews
Rate this book

သားသို့...

Rate this book
သားတို့ သိသင့္သည့္
ပညာဆိုတာ
အလုပ္တန္ဖီုး
ကိုယ္က်င့္တရား
.......

200 pages, Paperback

First published May 1, 2017

14 people want to read

About the author

အမည်ရင်းမှာ ရဲမြင့်ကျော်ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် ဧရာဝတီတိုင်း​ဒေသကြီး ၊ မြန်အောင်မြို့နယ်၊ မြို့မ တဲကြီးကုန်းကျေးရွာတွင် အဖ ဦးတင်ညွန့်၊ အမိ ဒေါ်မြရီတို့၏ ဒုတိယသား အဖြစ်မွေးဖွားခဲ့သည်။

ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့ပြီး အ.ထ.က(၁)လမ်းမတော် (ယခင် စိန့်ဂျွန်းကျောင်း)၊ အမှတ်(၂) ဒေသကောလိပ် လှိုင်နယ်မြေနှင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်တို့တွင် ပညာသင်ကြားခဲ့သည်။

ကလေးအထူးကုဆရာဝန်ကြီး တစ်ဦး ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ဘွဲ့လွန်နှင့် ဒီပလိုမာ ၉ ခု ရရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့ ပညာတော်သင်၊ လေ့လာရေးနှင့် ဆေးပညာ နှီးနှောဖလှယ်ရေး အစည်းအဝေးများ သွားရောက်ခဲ့သည်။

ပြည်တွင်း နေရာဒေသ အနှံ့အပြားတွင်လည်း ရာထူးအဆင့်ဆင့် အမျိုးမျိုးနှင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၄ ခုနှစ်မှစ၍ လင်္ကာရည်ကျော် ကလောင်အမည်ဖြင့် ရသစာပေများ ရေးသားထုတ်ဝေခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေသော ပထမဆုံး ဝတ္ထုရှည် 'ကြိုးကြာတောင်ပံခတ်သံ' ဖြင့် အမျိုးသားစာပေဆုကို လူငယ်ကဏ္ဍမှ ရရှိခဲ့သည်။ ကြိုးကြာတောင်ပံခတ်သံ' ကို စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးခဲ့ရာ ၂၀၀၉ခုနှစ် အတွက် အကောင်းဆုံးဇာတ်ကားဆုနှင့် အကောင်းဆုံးဇာတ်ညွန်းဆု၊ အကယ်ဒမီနှစ်ဆု ရရှိခဲ့သည်။ ၂၀၁၄ခုနှစ်တွင် ကြိုးကြာတောင်ပံခတ်သံ' ကို တက္ကသိုလ်များ မြန်မာစာအဖွဲ့က တတိယနှစ် ဝိဇ္ဖာဘွဲ့(မြန်မာစာ) အတွက် ပြဌာန်းစာအုပ်အဖြစ် သတ်မှတ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ထုတ်ဝေသော ဒုတိယဝတ္ထုရှည် 'ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ' သည်လည် အမျိုးသားစာပေဆုကို ဝတ္ထုရှည်ကဏ္ဍမှ ရရှိခဲ့သည်။

ယခုအထိ ဝတ္ထုရှှှှည်၁၀ပုဒ်နှင့် ဝတ္ထုတို ၁၀၀ ကျော်ရေးသားခဲ့ပြီး ဝတ္ထုတိုပေါင်းချုပ်များလည်း ထုတ်ဝေခဲ့သည်။ 'ပန်း​ဒေါင်း' နှင့် 'နေဝင်အိပ်တန်းတက်' ဝတ္ထုရှည်နှစ်ပုဒ်ကို ကိုယ်တိုင်ဇာတ်ညွန်းရေးသားခဲ့ပြီး ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ကလေးကျန်းမာရေး ပညာပေးစာအုပ်များ ရေးသားထုတ်ဝေခဲ့ပြီး 'မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်ရေးနည်းများ' စာအုပ်နှင့် ၂၀၁၃ခုနှစ်တွင် သုတစွယ်စုံ စာပေဆုကိုလည်း အသုံးချသိပ္ပံဘာသာရပ်ကဏ္ဍမှ ရရှိခဲ့သည်။

လူငယ်ပညာပေးဆောင်းပါးများလည်း စဥ်ဆက်မပြတ် ရေးသားခဲ့သည်။ ဓမ္မဆောင်းပါးများလည်း ရေးသားထုတ်ဝေခဲ့သည်။

FM Bagan ရေဒီယိုတွင် 'စာရေးဆရာ ဆရာဝန်၏ အတွေးများ ကဏ္ဍကို အပတ်စဥ် တင်ဆက်လျက် ရှိသည်။

ယခုအခါ ပါမ​ောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာရေးပညာဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ တာဝန်ခံ ကလေးအထူးကုဆရာဝန်ကြီး၊ ကလေးဆေးရုံကြီး ၊ ရန်ကုန်နှင့် ဥက္ကဌ(ကလေးကျန်းမာရေးပညာအဖွဲ့)၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း တာဝန်များ ထမ်းဆောင်ရင်း ရသ၊ သုတ နှင့် ဓမ္မစာပေများ စဥ်ဆက်မပြတ် ရေးသားလျက် ရှိသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
4 (44%)
4 stars
3 (33%)
3 stars
1 (11%)
2 stars
1 (11%)
1 star
0 (0%)
Displaying 1 of 1 review
27 reviews1 follower
October 28, 2022
တက္ကသိုလ်ကျောင်းသားဘဝတုန်းကတော့ စာရေးဆရာရေးထားသလိုပဲ အတွေးတွေရိုးရှင်းခဲ့ဖူးတယ်။

ဒီစာအုပ်က ပညာကိုလိုက်စားပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ သားတွေအတွက်ဆိုရင် ပိုသင့်တော်မယ်။ အတတ်ပညာ၊ အသိပညာအစုံရဖို့ဆိုတာကလည်း ပင်ကိုယ်အရင်းခံပါရမီ၊ စိတ်ဆန္ဒအားထက်သန်မှု၊ ပတ်ဝန်းကျင်အနေအထား၊ အထောက်အပံ့အခြေအနေ၊ ပညာအခြေခံရှိမှုစတာတွေအများကြီးပေါ်မှာမူတည်တယ်။ ခေတ်ကာလအချိန်အခါရ မီးစဉ်ကြည့်ကရမယ့်/ကတာကိုအားသန်တဲ့ warrior-type, street-smart သားတွေအတွက်တော့မဟုတ်ဘူး။ ဘာသာတရား၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ယှဉ်တဲ့စံနှုန်းတွေပါဝင်တယ်။ အဲ့ထဲကတစ်ချို့ဟာတွေကလည်း တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုအတွက် လိုအပ်တဲ့အရာတွေဖြစ်တယ်။

စာရေးသူက နိုင်ငံခြားအထင်ကြီးတဲ့ ဓာတ်ခံရှိပုံပေါ်တယ်။ ဟုတ်ပါတယ်လေ ကိုယ်တွေနိုင်ငံနဲ့ ယှဥ်လိုက်ရင်တော့ ဘယ်တူပါ့မလဲ။ သူက ကိုယ့်တိုင်းပြည်ကိုဖြစ်စေချင်တဲ့ စေတနာနဲ့ရေးတာဆိုရင်လည်း မမှားပါဘူး။ စာမျက်နှာ ၁၄၂ က "လမ်းပေါ် ရောက်နေသည့် လမ်းပျောက်သူများ" နဲ့ စာမျက်နှာ ၁၂၀ က "အတော်ဆုံး ဆရာဝန်တွေဘယ်မှာလဲ" နဲ့ ပတ်သက်ပြီးရေးထားတာတွေတော့ သဘောတွေ့တယ်။ ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့။ တစ်ဖက်ကလည်း ငါတို့နိုင်ငံက လူမွေးတော်တာလို့ မပြောချင်လဲ ပြောရမယ့်ပုံ ဖြစ်နေတယ်။ စစ်အစိုးရအုပ်ချုပ်လို့ တိုင်းပြည်က ပညာရှင်တွေထွက်သွားသလိုပဲ၊ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်တဲ့ အချိန်တုန်းက တိုင်းတစ်ပါးရောက်နေတဲ့ ပညာရှင်တွေပြန်လာကြတော့ စိတ်ဓာတ်တွေကျပြီး နိုင်ငံခြားပြန်ပြေးသွားကြတဲ့ သာဓကတွေကလည်း စဉ်းစားစရာတွေထဲမှာပါတယ်။ အဲတော့ မေးခွန်းက စစ်ဘက်ကလူတွေကို အရပ်ဘက်ပို့လို့ အရပ်ဘက်ကသူတွေက ထွက်သွားကြတာလား။ ဒါမှမဟုတ် အရပ်ဘက်ကလူတွေက စစ်ဘက်ကသူတွေလို ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်မပြင်းထန်ကြဘဲ တိုင်းပြည်ကနည်းနည်း ရုတ်ရုတ်သဲသဲဖြစ်တာနဲ့ ပြေးကြမယ့်သူတွေကြီးဖြစ်နေလို့ စစ်ဘက်ကလည်း အဲဒါကိုမြင်ပြီး ဒီတိုင်းပြည်အုပ်ချုပ်မှုယန္တရားမပြိုလဲအောင် သူ့လူတွေနဲ့ ကြိုတင်အစားထိုးထားတာများလား။ လောလောဆယ်တော့ မုန့်လုံးစက္ကူကပ် ဒီ အဆိုးသံသရာ (vicious cycle) ထဲမှာလည်နေကြရတုန်းပဲ။

တစ်ခုသဘောမတွေ့တာက ဒီစာကြောင်း "လန်ဒန်မြို့ရှိ ဗြိတိန် အမျိုးသားပြတိုက်တွင် မြန်မာ့ယဥ်ကျေးမှုပြခန်း တစ်ခန်းပင် သက်သက်ရှိနေပြီး အဲဒီမှာ သိမ်းဆည်းထားသည့် ပစ္စည်းများက မြန်မာပြည်မှာတောင် ရှာမရနိုင်တော့သော ပစ္စည်းများဖြစ်နေတာ တွေ့ရသည်။" ဆရာရယ် ကျွန်တော်တို့စီက "မ" သွားပါတယ်ဆိုမှတော့ ဒီမှာဘယ်ရှာတွေ့ပါတော့မလဲ။ ဝင်စတန်ချာချီ ကိုအမွှမ်းတင်ပြီး ရေးသားထားတာတွေကိုတော့ သဘောမကျဘူး။ ဗုံးခိုကျင်းထဲမှာ ပန်းချီထိုင်ဆွဲပြီး ဟစ်တလာကိုနိုင်အောင်တိုက်တာဆိုရင် ဟစ်တလာလည်း ပန်းချီဆွဲတာပဲ။ ဘာလို့စစ်ရှုံးသွားတာလဲ။ အဲလိုလုပ်တာကို သွေးအေးတာလို့ရေးထားတော့ တွေးမိတာက ဘာသွေးအေးတာလဲပေါ့။ ဗြိတိသျှကိုလိုနီဒေသတွေမှာ လုပ်ချင်ရာတွေကို သွေးအေးအေးနဲ့ လုပ်တာများလားလို့။

သားယောကျ်ားလေးရှိခဲ့ရင် သားကိုတော့ ပေးဖတ်မယ်။ ဒါပေမဲ့ အကုန်တော့ နားပိတ်၊ မျက်စိမှိတ်၊ ခေါင်းညိတ်ပြီး လက်ခံတာတော့ မဖြစ်စေချင်ဘူး။ စာရေးဆရာတွေရဲ့အရေးအသား အတွေးအခေါ်တွေကို အမြဲမေးခွန်းထုတ်နေရမယ်။
This entire review has been hidden because of spoilers.
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.