Home
My Books
Browse ▾
Recommendations
Choice Awards
Genres
Giveaways
New Releases
Lists
Explore
News & Interviews
Loading...
Community ▾
Groups
Quotes
Ask the Author
People
Sign in
Join
Jump to ratings and reviews
Want to Read
Buy on Amazon
Rate this book
နွေဦးနှင့်နှင်းခဲပန်း [အမှတ်တရ၊ ပေးစာ၊ ခရီးသွားအတွေးများ]
ဒဂုန်တာရာ
0.00
0 ratings
0 reviews
Want to Read
Buy on Amazon
Rate this book
ဆရာ ဒဂုန်တာရာ၏ အရေးအသား ၂၉ ပုဒ် တို့ကို
ပေးစာ၊ ခရီးသွား၊ အတွေး
နှင့်
အမှတ်တရ
ဟူ၍ ခေါင်းစဉ် ၄ ခု ခွဲကာ ထုတ်ဝေထားခြင်းဖြစ်သည်။
ပေးစာ
ခေါင်းစဉ်အောက်တွင်
သမီးဒေဝီထံသို့ပေးစာ ( ၁၊၈၊၉၆ )၊ ဖရက်ဒရစ်တော်ဘုရားလေးသို့အိတ်ဖွင့်ပေးစာ( ကလျာမဂ္ဂဇင်း၊ ဇူလိုင် ၁၉၉၅ ) ၊ အယ်ဒီတာထံပေးစာ တို့ကိုဖော်ပြထားသည်။
ခရီးသွား
ခေါင်းစဉ်အောက်တွင်
မန္တလေး( စာပေဂျာ နယ်၊ ဒီဇင်ဘာ ၁၉၉၅)၊ ဖားစည် ခေါင်ရည်ချိုရှနှင့်ဂျော်ဂျီယန်အက္ခရာ( မဟေသီမဂ္ဂဇင်း၊ သြဂုတ် ၁၉၉၁ )၊ ရှမ်း ပြည် ( ကမ္ဗောဇ မဂ္ဂဇင်း၊ ၁၉၈၇ - ၈၈ )၊ မဲနယ်တောင် စိမ်းပြာရောင်( စံပယ်ဖြူ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၁၉၈၆ )၊ နွေရက်၌ တောတောင်တို့နှင့် ပွေ့ဖက်ခြင်း( ရှုမဝမဂ္ဂဇင်း၊ သြဂုတ် ၁၉၆၃ ) တို့ပါရှိသည်။
အတွေး
ခေါင်းစဉ်အောက်တွင်
မာန၊ နွေဦးနှင့်နှင်းခဲပန်း ( မဟေသီမဂ္ဂဇင်း)၊ စာအုပ်နှင့်စာဖတ်ခြင်း ( ရွှေဝတ်မှုန်မဂ္ဂဇင်း )၊ မြို့ပြနှင့်ကျေးလက် ( အတွေးအမြင် ၈၉၊ ဧပြီ ၁၉၉၃ )၊ စာဖတ်ခြင်း ( ရွှေဝတ်မှုန်မဂ္ဂဇင်း၊ ဇွန် ၁၉၉၃ )၊ ဗော်လဂါလှေသမား( ရွှေဝတ်မှုန်မဂ္ဂဇင်း၊ မေ ၁၉၉၃ )၊ ဒဂုန်တာရာ၏အမှာ ( တော်လှန်ကဗျာစာအုပ်အမှာ။ စာပေဂျာနယ်၊ ဒီဇင်ဘာ ၁၉၉၅ ) တို့ပါရှိသည်။
အမှတ်တရ
ခေါင်းစဉ်အောက်တွင်
စစ်ကိုင်းကျောင်းဆောင်၏ ကြယ်ရောင်လရောင် ( ချင်းတွင်းမဂ္ဂဇင်း၊ မေ ၂၀၀၇ )၊ ကိုလိုနီခေတ် ကောလိပ်ကျောင်းသားဘဝ ( ရုပ်ရှင်တေးကဗျာ၊ စက်တင်ဘာ ၁၉၉၃ )၊ တရုတ်ခမောက်နှင့်အဘိုးအို(ချင်းတွင်းမဂ္ဂဇင်း၊ဒီဇင်ဘာ ၂၀၀၆)၊ အထိမခံ အရေးတော်ပုံရာဇဝင်နှင့် လုပ်ကြံမှုကြီး ( စာ အုပ်လောကမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၂ )၊ ဒီဇင်ဘာမွေးနေ့ ( ပန်းဝေသီမဂ္ဂဇင်း၊ ဒီဇင်ဘာ ၁၉၉၆ )၊ အနိုင်မခံကိစ္စ သမိုင်းရေး၊ အာရှစာရေးဆရာညီလာခံတွင် မြန်မာ၏ကဏ္ဍ(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ သြ ဂုတ် ၂၀၀၂ )၊ ဘူတာရုံကြီး ပလက်ဖောင်းမှာ ( ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ သြဂုတ် ၁၉၉၉ )၊ တာရာ့စကား ( စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် ၃၊ အောက်တိုဘာ ၂၀၀၄ )၊ ကျွန်တော်၏ သံတမန်မိတ်ဆွေများ ၁နှင့်၂ ( ချယ်ရီမဂ္ဂဇင်း၊ ဇွန်-ဇူလိုင်၊ ၁၉၉၀ )၊ အိမ်လွမ်းစိတ္တဇ ( မဟေသီမဂ္ဂဇင်း၊ မေ ၁၉၉၁ )၊ ဆယ်နှစ်ကလျာလှပပါစေ ( ကလျာမဂ္ဂဇင်း၊ ဇန်နဝါရီ ၁၉၉၅)၊ နေကြာပွင့်မှ ချယ်ရီပွင့်သို့ ( ချယ်ရီ မဂ္ဂဇင်း၊ မတ် ၁၉၈၈ )၊ ပိုးစိမ်းဖြူ လက်ယိုစက်စိန်ပွင့် ကြယ်နှင့်ယိုးမှား( ရှုမဝမဂ္ဂဇင်း) တို့ပါရှိသည်။
'' ဆောင်းပါးဆိုသည်က ကျွန်တော်၏အတွေ့အကြုံများ နှင့် ကျွန်တော်၏စာပေအယူအဆများကို ရေး၍ရသည်။ ဝတ္ထုကဲ့သို့ဇာတ်လမ်းဆင်စရာမလို။ ကဗျာကဲ့သို့ ကာရန်နှင့်သီဖွဲ့စရာမလို။ သို့နှင့် စကားပြေဆောင်းပါး များကို ပိုရေးဖြစ်သည်။ ( ဆယ်နှစ်ကလျာ လှပပါစေ၊ စာမျက်နှာ ၁၈၂ မှ ) '' ဟု ရေးဖွဲ့ခဲ့သည့်အတိုင်း စာရေးသူဒဂုန်တာရာ၏ အတွေ့အကြုံနှင့် စာပေအယူအဆတို့အား ဆဝါးကြည့် နိုင်မည့် အရေးအသားများဖြစ်ပါသည်။
202 pages, Paperback
First published November 1, 2018
Book details & editions
8 people want to read
About the author
ဒဂုန်တာရာ
27 books
7 followers
Follow
Follow
ဒဂုန်တာရာကို မွေးသက္ကရာဇ် ၁ဝ၊ ၅၊ ၁၉၁၉ အမည်ရင်း ဦးဌေးမြိုင် မိဘအမည် ဦးဘအုန်း + ဒေါ်ဖွားရှင် မွေးဖွား ဒေသ ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ)၌ မွေးဖွားသည်။ ငယ်စဉ်က ပန်းချီ ဂီတ ကဗျာလင်္ကာ တို့၌ ဝါသနာပါသည်။ ၁၄နှစ်သားအရွယ်က ရတု လူးတား ဧချင်း တေးထပ် စသော ရှေးရေးကဗျာများကို ဒဂုန်မဂ္ဂဇင်း၌ စတင် ရေးသားသည်။ ဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာဆက်လက်သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။
ဒဂုန်တာရာသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဋ္ဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဌာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်မှူးဖိုးကွန်း၊ကိုဗဟိန်း၊ ဦးဗဆွေ၊ မြို့မ-ဦးသန်းကြွယ် ( ပင်လုံစာချုပ်) တို့နှင့် ရင်းနှီးသည်။ ထို့အပြင် ဆရာကြီး ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်
ဆရာကြီးသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။
၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ကဗျာ၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနှင့် စာပေဝေဖန်ရေး၊ လူကိုလေ့လာခြင်း၊ အကဲခတ်စာတမ်းများလည်း ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။
စာရေးဆရာ-ကဗျာဆရာကြီး ဒဂုန်တာရာ သည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုခဲ့သည်။ ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆဖြင့် လွတ်လပ်သော အတွေးအခေါ် ကိုင်စွဲသူ မြန်မာ စာပေလောကမှာ ကဗျာခေတ်တခုကို ထူထောင်နိုင်ခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာသည် (၁၉-၈-၂ဝ၁၃ ခုနှစ်) တနင်္လာနေ့ နေ့လယ်တွင် အောင်ပန်းမြို့ နေအိမ်တွင် လူကြီးရောဂါနှင့် ကွယ်လွန် သွားပြီဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ (a personal letter of sympathy condolence ) နှင့် နာရေးကူညီငွေ ၂ဝဝဝဝဝ ကျပ် ပေးပို့လှူဒါန်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည်လည်း လွမ်းသူ့ပန်းခြင်း ( sympathy condolence basket) ပေးပို့ခဲ့သည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် က နာရေးကူညီငွေ ၁ဝဝဝဝဝ ကျပ် ပေးပို့လှူဒါန်းခဲ့သည်။ ဆရာကြီး သည် မြန်မာ ကဗျာလောကမှာ ခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့သလို နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တဲ့နည်းဆိုပြီး ငြိမ်းချမ်းရေး လမ်းစဉ် ကိုင်စွဲသူအဖြစ် စာပေ လောကမှာရော နိုင်ငံရေး လောကမှာပါ ဩဇာကြီးမားတဲ့ အကန်တော့ခံ ပညာရှင်ကြီးလည်းဖြစ်ပါသည်။
Source:
https://my.wikipedia.org/wiki/ဒဂုန်တာရာ
Ratings
&
Reviews
What do
you
think?
Rate this book
Write a Review
Friends
&
Following
Create a free account
to discover what your friends think of this book!
Community Reviews
0.00
0 ratings
0 reviews
5 stars
0 (0%)
4 stars
0 (0%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
Search review text
Filters
No one has reviewed this book yet.
Join the discussion
Add
a quote
Start
a discussion
Ask
a question
Can't find what you're looking for?
Get help and learn more about the design.
Help center