Jump to ratings and reviews
Rate this book

ခရီးဝင်္ကပါ

Rate this book

556 pages, Paperback

First published January 1, 1970

9 people want to read

About the author

စိန်စိန်

6 books2 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
0 (0%)
4 stars
2 (50%)
3 stars
2 (50%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
July 1, 2023
ဒီစာအုပ်ကို ငယ်ငယ်က ဖတ်ဖူးတယ်။ ဒါပေမဲ့သေချာမှတ်မိမနေဘူး။ အတ္ထုပ္ပတ္တိစာအုပ်၊ ပြီးတော့ အနာကြီးရောဂါနဲ့ဆိုင်တယ် ဆိုတာလောက်ပဲ မှတ်မိတာ။ အဖေက ဒီစာအုပ်ဖတ်ဖို့ပြောတော့လည်း ဖတ်ပြီးပြီ ဆိုပြီး မဖတ်ဘူး။ အဖေ့စာအုပ်စင်တွေနား သွားပြီး ရစ်သီရစ်သီသွားလုပ်တာကို အဖေက ‘ရော့ အင့်’ ဆိုပြီး အတင်းလာပေးလို့ ပြန်ဖတ်ဖြစ်သွားတာ 😅 ပြန်ဖတ်တော့ အတော်လေးကြိုက်တဲ့ အထဲမှာပါတယ်။

ဆရာမစိန်စိန်က သူငယ်ငယ်တုန်းက အိမ်ကအရမ်းအလိုလိုက်လို့ ဘာမှမသိတတ်နားမလည်ခဲ့တာတွေ၊ စကားအရမ်းနည်းခဲ့တာတွေ၊ ကိုယ့်မောင်နှမသားချင်း ဆုံးသွားတော့တောင် စိတ်ခံစားမှုတွေကို သေချာမဖော်ပြနိုင်ခဲ့တာတွေကို သေသေချာချာလေး ရေးထားတယ်။ ပြီးတော့ ငယ်ငယ်ကတည်းက သူ့မှာအနာကြီးဝေဒနာခံစားနေတယ်ဆိုတာကို ဟိုတစ၊ ဒီတစ ရေးပြထားတယ်။

အနာကြီးရောဂါဖြစ်တာသေချာပြီ ဆိုပြီး ဆေးကုသခံခဲ့ရတဲ့ အချိန်က အပိုင်းတွေကို ဖတ်ရတာ အတော်ရင်မောရတယ်။ လူလိမ်တွေကလည်း ပေါလိုက်တာ။ ဒီလောက် ရောဂါခံစားပြီး စိတ်ရော၊ ကိုယ်ပါ ဆင်းရဲနေတဲ့လူတွေကို ဘယ်လိုစိတ်နဲ့များ လိမ်ရက်တာလည်းတောင် တွေးတယ်။ ဆေးတိုက်မှာ ဆရာမစိန်စိန်ကြုံခဲ့ရတာတွေ ဖတ်ရတော့ အတော်စိတ်မကောင်းဘူး။ အဲ့ဆေးတိုက် ဘာဖြစ်သွားလဲမသိဘူး။

စာတွေ ‘စ’ ပြီး ရေးဖြစ်တာတွေကို ဖတ်ရတော့ အားကျရတယ်။ သူ့ရောဂါကုဖို့ အိမ်ကပိုက်ဆံထုတ်ပေးလိုက်ရတာကို စိတ်ထဲမှာအတော်လေးမကောင်းဖြစ်လို့ စာကိုသေသေချာချာရေးရာကနေ ဝတ္တုတိုတွေ၊ ဝတ္ထုရှည်တွေကို ရေးဖြစ်သွားတာ။ ငယ်ငယ်က ဘာမှမသိတတ်ပေမဲ့ အဖေဆုံးပြီး၊ သူချစ်ပြီး အားကိုးရတဲ့ အမ ၂ ယောက်လည်း ရှေ့ဆင့်နောက်ဆင့်ဆုံးသွားတဲ့နောက် အိမ်ထောင်ဦးစီး နေရာကို အလိုအလျောက်ရောက်သွားပြီး တာဝန်ယူမှုတွေ လုပ်ခဲ့ရတယ်။

သူ့ဘဝတလျောက်အကြောင်းကို ဖတ်ရတာ အားကျရ၊ ရင်မောရနဲ့။ သူငယ်ငယ်က လူဖြူ၊ လူမဲ ခွဲခြားခံရတဲ့ စာအုပ်ကို ဖတ်ပြီး စိတ်ဓာတ်ခွန်အား ယူခဲ့ရတာကို ဖတ်ရတော့ ငယ်ငယ်ကတည်းက စာကို အစုံဖတ်ဖြစ်တဲ့လူလို့ တွေးမိတယ်။ သူ့စာမူဆုရပြီး ပထမဦးဆုံး ဆုယူရတုန်းက သူ့ရောဂါကြောင့် မဝံ့မရဲဖြစ်တာကို သူ့အမက အားပေးပြီး လူတောအတင်း ဝင်ခိုင်းတယ်။ သူ့မိသားစုက သူ့အတွက် တကယ့်ကို အားဖြစ်စေတာပဲ။

အနာကြီးရောဂါသည်ဖြစ်လို့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခက်မှုတွေကို ဖတ်ရတာကို ကြိုက်သလို၊ သူဖြတ်သန်းခဲ့တဲ့ စာရေးဆရာမဘဝအကြောင်းကို ဖတ်ရတော့လည်း အားကျရတယ်။

“ကျွန်မဘဝ၏ အပျော်ဆုံးအချိန်ကို ပြန်တွေးလိုက်လျှင် မျက်ရည်ခဏခဏကျရသော အချိန်ကိုပင် ပြန်တွေးမိသည်။

အပေါ်ယံမျှတွေးလျှင် မျက်ရည်ကျရအောင် ငိုရှိုက်ရခြင်းနှင့် ပျော်ရွှင်ရခြင်းတို့မှာ ဆန့်ကျင်မည်ဟု ထင်စရာဖြစ်၏။ အသက်အရွယ် အတွေ့အကြုံရင့်သန်လာ၍ ငိုချင်လျက်နဲ့ မငိုသာ မရှိုက်သာ မျက်ရည်မကျသော အဖြစ်များကို ကြုံဖူးတွေ့ဖူးရသောအခါ ငိုချင်လျှင် အားရအောင် ငိုချလိုက်နိုင်သော၊ မျက်ရည်ကို မထိန်းမချုပ် ဖွင့်သွန်လွှတ်နိုင်သော ထိုလွတ်လပ်ခွင့်ကို အရသာတမျိုး ပျော်စရာတမျိုးဟု သဘောပေါက်၍ လာသည်။”
This entire review has been hidden because of spoilers.
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.