Thinn158 reviews12 followersFollowFollowFebruary 5, 2022ဇာတ်လမ်းအစက ဂန္ဒီနဲ့ ဦးအောင် အကြောင်းပဲလို့ ထင်တာ ဘယ်ဟုတ်မလဲ ဇာတ်ကောင်တွေကို အများကြီးပဲ။ ဖတ်ရင်းနဲ့ သနားလည်း သနားရ၊သတ္တိရှိလိုက် ကြတာဆိုပြီး အားလည်းတက်ရတယ်။ ဂန္ဒီက ဆံပင်တွေကောက်ပြီး ဦးမောင်နဲ့ချိန်းတွေ့တဲ့အခန်းဖတ်ရတော့လည်း ပြုံးမိတယ်။ ဦးအောင်လည်း သူ့လိုမျက်မမြင်ပေမဲ့ ဂန္ဒီက သူချစ်ရတဲ့ သူရှေ့မှာတော့ အလှဆုံးဖြစ်ချင်ခဲ့တယ်။ ဂန္ဒီတို့အတွဲပြီးတော့ ဖိုးကျော်တို့အတွဲအကြောင်းဖတ်ရတော့လည်း ပျော်လည်းပျော်ရသလို ရင်လည်းမောရတယ်။ သင်္ကြန်မှာ ကြေကွဲခဲ့ရတဲ့ ဖိုးကျော်တယောက် ခရစ္စမတ်မှာတော့ အယ်နီနဲ့ တွေ့ပြီး ကံကောင်းခဲ့ရတယ်။ အမယ် ဖိုးကျော်အသံက ကိုင်ဇာနဲ့အတော် ဆင်ဆိုပဲ။ ခရစ်ယာန်အိမ်တွေကို ကျေးဇူးတော်လိုက်ချီးမွမ်းပြီး အသက်မွေး ဝမ်းကြောင်းပြုနေတဲ့ ဖိုးကျော်တို့ လင်မယားရှေ့မှာ ခေါင်းတွဲနဲ့ကို တွဲပြီး မြင်ယောင်ကြည့်မိတယ်။ မချိုနဲ့ကိုထွေးအကြောင်းဖတ်ရတော့လည်း သနားရတယ်။ မချိုကို နားလည်ပေးလို့ရသလို၊ ကိုထွေးကိုလည်း နားလည်ပေးလို့ရတယ်။ သီရိကျော်မင်းလေးကို ရောပေါ့။ ကလေးဆိုတော့ နားမလည်တာလည်း ပါပါတယ်။ မချိုရဲ့ မမကြီးကလည်း သီရိကျော်မင်းကို သူ့ကလေးအရင်းလိုချစ်တာပဲ ဆိုတော့ အကုန်လုံးကို ပတ်ပြီးနားလည်ပေးလို့ ရပါတယ်။ မချိုက ဓာတ်ပြားထုတ်ရအောင်တောင် အသံကောင်းတယ်ဆိုပဲ။ သီချင်းတောင် အသံမှန်အောင်မဆိုတတ်တော့ အားကျရတာတော့အမှန်ပဲ။ အပျိုကြီး မမကြင်အကြောင်းဖတ်ရတော့လည်း အိမ်ထောင်ရှင်တွေကြား အပျိုကြီးရဲ့ စေတနာတွေကို မြင်ရတယ်။ အပျိုကြီးရဲ့ အင်္ကျီတွေကို တခါထဲမှတ်ပြီး အပေါ်အောက်မလွဲအောင် ဝတ်နိုင်ရဲ့ စကေးကလည်း လေးစားစရာ။ ကိုကံဦးကြီး မညိုစိမ့်ကို မရရအောင်ပိုးတာဖတ်ရတာလည်း ဂေါ်ချက်ပဲ။ ‘ဘဝတူချင်းပဲ စဉ်းစားပါ မညိုစိမ့်ရယ်၊ မတူတဲ့ ဘဝချင်းဆိုတာ ဘယ်တော့မှ ပေါင်းလို့ မရပါဘူး။ မျက်စိမြင်တဲ့သူတွေကို ယုံလို့မရဘူးဆိုတာ မညိုစိမ့်လည်း သိပါတယ်ဆိုတဲ့ ကိုကံဦးရဲ့ စကားလုံးတွေနဲ့ ကိုကံဦးနောက်ပါလာတော့တာပဲ’ တဲ့။ ကိုကံဦးတို့ ကံကောင်းတာက သူတို့ သားသမီး ၃ ယောက်လုံးက မျက်စိမြင်ကြသလို မိဘအပေါ်လည်း သိတတ်တယ်။ ခေါင်းတွဲလေးဆို အားလုံးရဲ့ လက်စွဲတော်ပဲ။ ကလေးလေးက စိတ်ထားလည်း ကောင်းတယ်၊ အရမ်းလည်းသိတတ်တယ်။ တကယ်တော့ ဒီစာအုပ်မှာ ခေါင်းတွဲက ဇာတ်လိုက်ပဲ။ ခေါင်းတွဲလေးကို အမြန်နေကောင်းစေချင်လိုက်တာ။ ဇာတ်လမ်းကို ဖတ်နေရင်းနဲ့ ဘဝတွေက ကြမ်းလိုက်တာလို့တွေးရင်း ခဏ၊ခဏ သက်ပြင်းချရတယ်။ မိုးရာသီမှာ ဒုက္ခရောက်လိုက်ကြရတာ။ သူတို့တွေ မိုးရေထဲမှာ ချော်လဲတာတွေကို မြင်ယောင်မိရင်တောင် စိတ်မသက်သာဘူးရယ်။ လက်သမားတွေကလည်း မျက်စိမမြင်တဲ့လူအပေါ်ခေါင်းပုံ ဖြတ်စရာလားဆိုပြီး ဒေါသလဲထွက်ရသေးတယ်။ ဒါပေမဲ့ ပစ္စည်းလာခိုးတဲ့ သူခိုးအိုကြီးကိုတော့ သနားရပြန်တယ်။ ဒီစာကြောင်းကတော့ ဒီစာအုပ်မှာ အမှတ်ရဆုံး စာကြောင်းပဲ။ ‘အမေ ပြုံးတယ်ဆိုတာ ဘာလဲ၊ အပြုံးဆိုတာ ဘာလဲလို့ ကျွန်မမေးတော့ အမေက ရုတ်တရက် မဖြေဘူး၊ ပြီးတော့မှ ပြုံးတယ်ဆိုတာ ရယ်တာပေါ့သမီးရယ်တဲ့၊ ဒါပေမဲ့ အသံထွက်အောင် ရယ်တာမဟုတ်ဘူးတဲ့’ ဒီစာအုပ်ဖတ်ရတာ တကယ့်ကိုရသမျိုးစုံခံစားရတယ်။This entire review has been hidden because of spoilers.