Jump to ratings and reviews
Rate this book

ခေါင်းမော့လိုက်တော့ မင်း ခေါင်းငုံ့လိုက်တော့ သူ

Rate this book
ရိပ်ရိပ်ဆိုင်းဆိုင်း
မြကျွန်းသာသို့ သတိရတိုင်း
ကရုဏာလွှမ်းမိုး
အကြင်နာ ဆယ်ဆတိုး
စိုးထိတ်မရွှင်
မောင်မနှင်ဘဲ
ပြန်သွားခဲ့ရရှာသူရေ...

223 pages, Paperback

First published January 1, 1988

12 people are currently reading
73 people want to read

About the author

မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ အမှတ် ၄ ပထမထပ်၊ အခန်း ၅ တက္ကသိုလ်ဆရာများ ရိပ်သာသစ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ပညာရေး

အင်းဝမြို့ ကျုံးထိပ်ရပ် အစိုးရမူလတန်းကျောင်းတွင် ပညာစတင် သင်ယူခဲ့ပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သင်္ချာ) ကို ၁၉၇၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၃ မှ ၈၅ အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဒီပလိုမာသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

စာပေခရီး

၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

ဆုများ

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံး ဆုချီးမြှင့်သည့် The Man Asia Literary Prize စာပေဆု ပထမဆင့် ဆန်ကာတင် ရွေးချယ်စာရင်းကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာရာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်စသော အာရှနိုင်ငံများမှ စာရေးဆရာ ၂၃ ဦးအနက် မြန်မာစာရေးဆရာမ နုနုရည်အင်းဝ လည်းပါဝင်ခဲ့သည်။

စာပေလက်ရာများ

၁။ ကာလာရောင်စုံ အမြန် (၁၉၉၀)
၂။ ကြောင်ညိုပါးရယ် စားတတ်လှတယ်နှင့် အခြားဝတ္ထုတိုများ
၃။ ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ (၁၉၈၈)
၄။ တချို့အဆင်းလှ၊ တချို့အဆင်းမလှ (၁၉၈၆)
၅။ ဒိုးကြေးနှင့် အခြားဝတ္ထုတိုများ (၁၉၉၁)
၆။ ၂၈ နှစ်ရှိပြီဖြစ်တဲ့ မိန်းမတယောက် (၁၉၉၀)
၇။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ (၁၉၉၄)
၈။ ဖိုးရွှေလ မဂ္ဂဇင်း ဝတ္ထုရှည်များ (၁၉၉၃)
၉။ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့ (၁၉၈၆)
၁၀။ မရဲတရဲ ဘာဝယ်မလဲရှင်
မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း လူကြမ်းတရာ (၁၉၉၂)
၁၁။ မြစိမ်းပြာ ကမာရွတ် (ပ၊ ဒု၊ တ) (၁၉၉၃)
၁၂။ လဝန်းစက်ဝိုင်း ထက်ပိုင်းဖြတ်ကြွေ (၁၉၉၁)
၁၃။ လက်ရွေးစင် မြန်မာဝတ္ထုတိုများ ပေါင်းချုပ် (၁၉၉၆)
၁၄။ သောက်တော့ ဒူးယား၊ ဝတ်တော့ မလေးရှား နေတော့ ချုံကြား (၂၀၀၀)
၁၅။ အနီလား အဝါလား အစိမ်းလား (၁၉၈၉)
၁၆။ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား (၁၉၈၈)
၁၇။ အိပ်နေရင်ည နိုးနေရင်နေ့ (၁၉၉ဝ)
၁၈။ အို ကိုဖိုးမြနှင့် မစ္စတာ စမစ် မင်္ဂလာပါရှင် (၂၀၀၁)

ကိုးကား။ ။
နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း၊ ပညာရွှေတောင် စာအုပ်တိုက်

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
2 (11%)
4 stars
11 (64%)
3 stars
3 (17%)
2 stars
1 (5%)
1 star
0 (0%)
Displaying 1 - 3 of 3 reviews
Profile Image for Krrish.
23 reviews1 follower
January 31, 2021
It is a lovely read about a couple who tried to build a life together during socialist Burma.
It also highlights the country's economic conditions of those times and hurdles in job hunting after graduation.
Profile Image for Thinn.
158 reviews12 followers
January 9, 2022
ဆရာမနုနုရည်အင်းဝ ရေးထားတာတွေထဲက ပထမဦးဆုံးဖတ်ဖူးတဲ့စာအုပ်က ‘ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ’ ပဲ။ ဖတ်ပြီး ငိုရတယ်။ တောင်ပြုံးက နတ်ကတော်ကြီးအကြောင်းရေးထားတာ။ အဲ့စာအုပ်ထဲမှာလဲ ဘယ်သူ့ကို သနားရမယ်မှန်းမသိဘူး။ ဘယ်သူ့ဘက်ကကြည့်ကြည့် အမှန်ဖြစ်နေပြီး ဟိုလူ့သနားရ၊ဒီလူ့သနားရနဲ့ စိတ်မောပြီး ကျန်ခဲ့ရတာ။ နောက်ပိုင်းသူ့စာအုပ် တအုပ်မှမဖတ်ဖြစ်တော့ဘူး။ ဟိုရက်က City Mart မှာ သူ့စာအုပ် ၂ အုပ်တွေ့လို့ ဝယ်ခဲ့ပြီး ဖတ်ကြည့်နေတာ။

‘ခေါင်းမော့လိုက်တော့မင်း၊ ခေါင်းငုံ့လိုက်တော့သူ’ စဖတ်တော့ ပုံမှန်တက္ကသိုလ်ကျောင်းသားဘ၀ အကြောင်းပဲလို့ထင်နေတာ။ ဖတ်ရင်းဖတ်ရင်းနဲ့ ဘဝဆိုတာ တက္ကသိုလ်ပြီးမှ စတာပဲ ဆိုပြီးခံစားလာရတယ်။ တက္ကသိုလ်မှာ သင်ခဲ့တဲ့ဘာသာကတခု၊ တကယ့်လက်တွေ့ဘဝမှာ လုပ်နေရတာတခုဖြစ်နေတာ။ အဲ့ခေတ်က အစိုးရဝန်ထမ်းဖြစ်ဖို့ကို စာမေးပွဲကို အလီလီဖြေလိုက်ရတာ။ ဖတ်ရင်းနဲ့တောင် မွန်းကြပ်လာတယ်။

ထွန်းဇော်ထိုက်နဲ့ညိုမြင့်မေကိုတွေ့ပေးတဲ့အခန်းကလဲ သာမာန်ရိုးရိုးပဲ။ ကြိုက်သွားတော့လဲ ဘာမှပကာသနမပါဘူး။ ကြိုက်ပြီးမှဖြစ်လိုက်တဲ့ ပြဿနာကတန်းကိုစီနေတာပဲ။ ထွန်းဇော်ထိုက်အိမ်က မချမ်းသာပေမဲ့ ပြန်ကြည့်စရာမလိုဘူး။ ညိုကတော့ သူ့မိသားစုကို အမြဲတွေးပေးနေရတယ်။ နောက်ဆုံးအချိန်ထိ မိသားစုကိုညို့ခမျာငဲ့ရရှာတယ်။
ထွန်းဇော်ထိုက်လည်း ကြိုးစားရှာပါတယ်။ သူ့သူငယ်ချင်းတွေကြားထဲမှာလဲ နောက်ဆုံး လူလူသူသူဖြစ်ကျန်တာဆိုလို့ သူပဲရှိရှာတယ်။ ဇင်မောင်ဦးကလွဲရင်ပေါ့။ ဇင်မောင်ဦးကတော့ ဘဝရင်းလိုက်ရတာပေါ့။ ကျန်တဲ့လူတွေကတော့ ချဲရဲ့ သားကောင်ဖြစ်ရရှာတယ်။ ချဲထိုးတာက အဲ့ဒီကတည်းက ဝက်ဝက်ကွဲ။ မြန်မာနိုင်ငံက ခေတ်အဆက်ဆက်ကို ဆင်းရဲရရှာတယ်။

ဒီစာအုပ်လဲဖတ်ပြီးတော့ အကုန်လုံးကိုပတ်ပြီးသနားရတယ်။ ပိုက်ဆံတွေလိမ်ခံရတဲ့ ကျော်ထွန်းလှကိုလဲ သနားရ၊ ထွန်းဇော်ထိုက်လဲသနားရ၊ ထွေးကိုလဲ သနားရနဲ့။ ဖတ်ပြီးတော့ ရင်ထဲမှာ နာနာနဲ့ ဟာဟာကြီးကျန်ခဲ့တာတော့အမှန်ပဲ။
This entire review has been hidden because of spoilers.
Profile Image for Feenhafthanni.
23 reviews1 follower
December 6, 2022
'ကိုယ်ဆိုတဲ့ကောင်က ချစ်သူကို ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဝယ်ပေးချင်တဲ့လူပါ ညိုရယ်..'
.
၁၉၈၀ခုနှစ်ဝန်းကျင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကနေအစပြုထားပီး ဘွဲ့ရလူငယ်တွေရဲ့ မသေချာတဲ့ အလုပ်အကိုင်တွေ၊ ကြုံတွေ့ရတဲ့ အကြပ်အတည်းတွေနဲ့ မရေရာတဲ့ အနာဂတ်တွေကို စမ်းတဝါးဝါး လျှောက်လှမ်းရုန်းကန်နေရပုံကို စာနာမိတယ်..
Displaying 1 - 3 of 3 reviews

Can't find what you're looking for?

Get help and learn more about the design.