Thinn158 reviews12 followersFollowFollowJanuary 8, 2023ဒီစာအုပ်မှာ ရိုဆယ်လာနဲ့ မြို့ကလေးရဲ့တနင်္ဂနွေ ဆိုပြီး ၂ ပုဒ်ပါတယ်။ ရိုဆယ်လာကို အဲ့လောက်ကြိုက်မနေဘူး။ သူ့စာတွေကို Facebook မှာ ဖတ်ဖူးတော့ အများကြီးမျှော်လင့်ထားလို့ထင်တယ်။ 🥶ရိုဆယ်လာထက်စာရင် မြို့ကလေးရဲ့တနင်္ဂနွေကို ပိုကြိုက်တယ်။ ဇာတ်အိမ်က ရိုးရိုးလေးနဲ့တိုတိုလေး။ ဒါပေမဲ့ ဪ ချစ်တတ်လိုက်တာ လို့တွေးမိသလို၊ ဟယ် သူက domestic violence ကြောင့်ထွက်ပြေးလာတာလား လို့ရောတွေးမိတယ်။ အများကြီး ဖြန့်ပြီးတွေးလို့ရသလို၊ မတူတဲ့ဘက်တွေကပါ တွေးလို့ရလို့ ကြိုက်တယ်။ အန်တီရိုစီ့ရဲ့ပေါင်မုန့်တောင် စားချင်စိတ်တောင် ပေါက်တယ်။ ရိုဆယ်လာကကျတော့ နောက်ပိုင်းဇာတ်အိမ်မနိုင်လို့ ကောင်လေးကို စိတ်ဝေဒနာသည်လုပ်ပစ်လိုက်တယ်လို့ ခံစားရတယ်။ အစပိုင်း ဖတ်နေရင်းနဲ့ ကောင်လေးကို နွားကျလိုက်တာလို့တွေးနေတာ။ နောက်ပိုင်းမှာ ဇာတ်ကောင်ကလည်း သူကိုယ်တိုင်နွားပါလို့ ဝန်ခံတော့ ဪ သူ့ကိုယ်သူ နွားမှန်းတော့သိသားပဲ ပေါ့ 😅 ရိုဆယ်လာကို ဖတ်ရတာ ကိုရီးယားကားဆန်တယ်လို့လည်း ခံရတယ်။ ခြုံပြောရရင် သိပ်မကြိုက်ဘူးပေါ့နော်။ ‘လူတွေဟာ အခွင့်အရေးတစ်ခုခုကို တခြားသူက ဖန်တီးပေးနေလို့ အမြဲရလာရင် ဒါဟာ သူ လုပ်ပေးနေတာပါလားလို့ အသိအမှတ်ပြုဖို့ထက် ဒါဟာ ငါ့ ရပိုင်ခွင့်လို့ တရားသေ မှတ်ယူထား လိုက်တတ်ပြန်ရော…’
Alma Say133 reviews2 followersFollowFollowDecember 19, 2024အင်း..... Rosella.....ပုံမှန်အားဖြင့် Toxic relationship တစ်ခုမှာ အမျိုးသားတွေက Manipulate လုပ်တတ်လေ့ရှိပြီး အမျိုးသမီးတွေက Victim ဖြစ်လေ့ရှိတယ်။ ဒါဟာလူတစ်ယောက်ရဲ့ Upbringing အပြင် Father Figures lack ဖြစ်နေတာကြောင့်ဖြစ်တယ်။ ဒီဝတ္ထုမှာတော့ Rosella က ကောင်လေးကို Manipulate လုပ်နေတဲ့သူ ဖြစ်နေတယ်။ ဖတ်ရင်းနဲ့တွေးမိတာက Protagonist ကောင်လေးက ဘာကြောင့်မို့ Rosella ကိုမှ သေမလောက်စွဲလမ်းနေရတာကို မေးခွန်းထုတ်မိတယ်။ ပုံမှန်ဆိုရင် အမျိုးသားအများစုက Father Figures မရှိပဲကြီးလာရင်တောင် Cheat လုပ်ခံရတာက အများဆုံးပဲ။ အဲ့ဒီထက်ပိုလေ့မရှိဘူး။ သူတို့ကို Cheat လုပ်တဲ့မိန်းကလေး၊ Manipulate လုပ်တဲ့အမျိုးသမီးတွေကို attach ဖြစ်လေ့မရှိပဲ Trust issues ရသွားတာလောက်ပဲရှိတာ။ Attach ဖြစ်တတ်တဲ့ symptoms အများစုကို မိန်းကလေးတွေမှာသာ တွေ့ရလေ့ရှိတယ်။ ပြောချင်တာကတော့ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်မင်းသားက Attachment issues ရှိနေတာတွေ့တော့ နည်းနည်းဘဝင်မကျဖြစ်မိတယ်။ နောက်ဆုံးတော့လည်း သူအရမ်း စွဲလမ်းမက်မောမိတဲ့ Rosella ကြောင့် ရူးသွားတာပါပဲ။ 3.5 stars ⭐⭐⭐✨2024-read ink-betel-stains
Woof1 reviewFollowFollowAugust 5, 2025ဘာလို့ all stars ပေးတာလဲ ဆို ကြိုက်လို့။ဘာကို ကြိုက်တာလဲဆို အကြောင်းပြချက် မရှိဘူး။အဓိက ကတော့ ရိုဆယ်လာ ကို ကြိုက်တယ်။တစ်အုပ်လုံးဖတ်ပြီးသွားတဲ့အခါ ခေါင်းထဲက ထွက်ကျလာတဲ့ မေးခွန်းတွေကို ကြိုက်တယ်။ရိုဆယ်လာ အကြောင်း ပိုပြီးသိချင်လာတဲ့ ခံစားချက်ကို ကြိုက်တယ်။ပေါ့ပါးနေတဲ့ အရေးအသား ကို ကြိုက်တယ်။ လူတိုင်းက ကိုယ့်အကြိုက်နဲ့ ကိုယ်မို့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ဖတ် ပြီးသွားတဲ့ အခါဒီစာအုပ်ထဲက တစ်ခုခုကတော့ စွဲကျန်နေမှာပါ။ ရိုဆယ်လာပဲလား။သူရဲ့ ရေမွှေးနံလေးပဲလား။ဗလာကျင်းဖြစ်သွားတဲ့ စိတ်ခံစားမှုပဲလား။ ဘာကစွဲကျန်ခဲ့မယ်ထင်လဲ...။