Jump to ratings and reviews
Rate this book

Exodus

Rate this book
Exodus ist einer der zentralen Begriffe der politischen Theorie Paolo Virnos. Vor dem Hintergrund der Tradition des Postoperaismus entwickelte der italienische Philosoph in den letzten dreißig Jahren vielfache Bedeutungslinien aus und um diesen Begriff: zunächst die massenhafte Flucht aus der Fabrik in den 1970er Jahren, dann das massenhafte Abfallen vom Staat als Ausgangspunkt einer neuen Form von Demokratie, und schließlich die sprachphilosophische Wendung zu einer Figur der Verlagerung, Verschiebung, Abweichung. Der Exodus eröffnet einen neuen Weg, der noch nicht auf den politischen Karten verzeichnet ist, um genau jene Grammatik zu verändern, die die Auswahl aller denkbaren Wahlmöglichkeiten bestimmt.

Paperback

Published September 15, 2010

Loading...
Loading...

About the author

Paolo Virno

44 books46 followers
Paolo Virno (1952–2025) was an Italian philosopher, semiologist and a figurehead for the Italian Marxist movement. Implicated in belonging to illegal social movements during the 1960s and 1970s, Virno was arrested and jailed in 1979, accused of belonging to the Red Brigades. He spent several years in prison before finally being acquitted, after which he organized the publication Luogo Comune (Italian for "commonplace") in order to vocalize the political ideas he developed during his imprisonment. At the time of his death, Virno was teaching philosophy at the University of Rome.

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
1 (100%)
4 stars
0 (0%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Kyaw Zayar Lwin.
122 reviews12 followers
Read
September 20, 2024





အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းတွေဆိုပီး မာ့စ်ဖော်ပြခဲ့တဲ့ထဲမှာ လူတွေသိပ်ပီး အာရုံမစိုက်မိတဲ့အချက်တချက်ရှိတယ်။အလုပ်သမားတွေ စက်ရုံတွေကနေ စွန့်ခွါတဲ့လုပ်ရပ်။
မာ့စ်က အမေရိကန်က အလုပ်သမားတွေဟာ ကောင်းဘွိုင်တွေအဖြစ် စွန့်စားခန်းတွေ ထွက်ဖို့ အလုပ်ရုံတွေကနေ ထွက်ခွါကြတာကို “exodus “လို့ သတ်မှတ်ခဲ့တယ်။အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်နည်းနာပုံစံကို ဆန့်ကျင်တဲ့အသွင်လည်း ဆောင်တယ်။အရင်းရှင်စနစ် ဒါမှမဟုတ် ကြီးစိုးဆဲစနစ်ကနေ သွေဖယ်ခွါထွက်ခြင်းသဘောလို့ သတ်မှတ်တယ်။
အမေရိကန်လို အရင်းရှင်စနစ်ကြီးထွားဖို့အကောင်းဆုံးနိုင်ငံ(ဥရောပလို မြေရှင်စနစ်မရှိတဲ့အပြင် ရင်းမြစ်ပေါ
ကြွယ်ဝမှုကြောင့်လို့ ဆိုနိုင်တယ်)အဓိကပြဿနာက အခြေမချရသေးတဲ့ လွင်ပြင်နယ်မြေတွေ များစွာရှိနေတာပါပဲ။လုပ်အားတွေဟာ စက်ရုံတွေကနေ လွင်ပြင်တွေဆီ အစုလိုက်အပြုံလိုက်
ထွက်ခွါသွားကြတယ်။
ဘန်ဂျမင်ဖရန်ကလင်ကိုယ်တိုင်ကလည်း စက်ရုံမှာ လုပ်အားအပြည့်အဝရဖို့ဆို အခြေမချရသေးတဲ့နယ်မြေတွေမှာ လူတွေအရင်ပြည့်နေဖို့လိုတယ်လို့ဆိုခဲ့တယ်။မြေနေရာအလွယ်တကူရနေနိုင်တဲ့ ပတ်ဝန်းကျင်မှာ လခစားအလုပ်နဲ့ အလုပ်ခိုင်းဖို့ မလွယ်ဘူးလို့ Wakefieldဆိုတဲ့ ကိုလိုနီသီအိုရီသမားက ဆိုခဲ့တယ်။
Virnoက အမေရိကန်စွန့်ဦးသွားလာသူတွေဟာ အမှတ်သရုပ်အသေတွေကို လက်မခံပဲ နယ်လှည့်နေသူတွေလို အမည်တပ်ခဲ့တယ်။လက်ရှိလူ့အဖွဲ့အစည်းမှာလည်း လခစားအလုပ်ကြောင့်ဖြစ်စေ၊ရှိရင်းစွဲစနစ်ကို မကြိုက်လို့ဖြစ်စေ လူတွေဟာ နယ်မြေသစ်ကို ထွက်ခွါကြတယ်။လူတွေဟာ ရှိရင်းစွဲစနစ်က ချမှတ်ထားတဲ့နေရာတွေမှာ မနေပဲ ပုံစံအမျိုးမျိုးနဲ့ အသွင်းပြောင်းကာထွက်ခွါကြတယ်။”strategy of flight”လို့ဆိုတယ်။ဟေဂဲလ်ရဲ့ လူမှူအဖွဲ့အစည်း၊ရီကာဒိုရဲ့ စျေးကွက်အလုပ်လုပ်ပုံစတဲ့ ရှုထောင့်တွေကနေ ချဉ်းကပ်ရင် “strategy of flight”စွန့်ခွါပြေးခြင်းသဘောကို မြင်နိုင်မှာ မဟုတ်ဘူး။ဘာလို့ဆို ရီကာဒိုတို့လိုလူတွေက ရှားပါးခြင်း”scarcity”ဗဟိုပြု တွေးခေါ်နေလို့ပဲဖြစ်တယ်။အဓိကကတော့ အရင်းရှင်စနစ်ဟာ ရှားပါးခြင်းကပဲ အခက်အခဲတွေ့စေတာမဟုတ်ပဲ ပေါကြွယ်ဝခြင်းကြောင့်လည်း အခက်အခဲတွေ့စေတယ်။(တနည်းဆိုရမယ်ဆို ရွှေ့ပြောင်းစရာနေရာတွေ ရှိနေခြင်းမျိုး။)
Virnoက စွန့်ခွါခြင်းဟာ လူတန်းစားတိုက်ပွဲရဲ့ ပုံစံအသစ်တခုဖြစ်လာတယ်လို့ဆိုတယ်။အစဉ်အလာလူ့အဖွဲ့အစည်းတွေမှာ အရင်းရှင်နဲ့အလုပ်သမားလူတန်းစားထိပ်တိုက်တွေ့တိုက်ပွဲဝင်ကြပေမယ့် အခြေအနေတခုမှာတော့ စနစ်ကို စွန့်ခွါထွက်ခွါခြင်းကလည်း အာခံခြင်းဖြစ်လာတယ်။
စနစ်အတွင်းမှာ အလုပ်လက်မဲ့လူအုပ်ကြီးမရှိတော့တာမို့ လုပ်ခအတွက် ပြိုင်ဆိုင်စရာ နည်းပါးသွားတယ်။စနစ်ကို စွန့်ခွါခြင်းဟာ အာခံမှုထဲက တခုဖြစ်လာတယ်။နယ်သစ်ဆိုတဲ့သဘောတရားဟာ နယ်နိမိတ်(border)ဆိုတဲ့ သဘောတရားလို စည်းအသေ၊အမှတ်သရုပ်အသေသဘောမရှိဘူး။ကျယ်ပြန့်မှုသဘော၊မသေချာမှုသဘောတွေ ပြည့်နေတယ်။
Hirschmanရဲ့ exist,voice,loyaltyမှာ အဖွဲ့အစည်းတခုခု၊စနစ်တစုံတရာနဲ့ပတ်သက်ပီး မကျေနပ်ကြ၊သဘောမကျကြရင် လူတွေလုပ်တတ်တဲ့အခြင်းအရာ သုံးခုအကြောင်း ရေးထားတယ်။စွန့်ခွါမလား၊မကျေနပ်မှုကို ဖော်ပြမလား၊ဆက်လက်သစ္စာရှိနေဦးမှာလား
ဆိုတာပဲဖြစ်တယ်။Virnoက လက်ဝဲတွေရဲ့ voice ကိုပဲ အလေးပေးနေတာကို ဝေဖန်တယ်။စွန့်ခွါခြင်းကို ကျရှုံးခြင်းသဖွယ်သဘောထားကြတယ်။တကယ်တော့ စွန့်ခွါပီး ရှိရင်းစွဲစနစ်နဲ့မတူတဲ့ လူမှုဆက်ဆံရေးပုံစံသစ်တွေ တည်ဆောက်တာဟာ အာခံမှုတရပ်ပဲလို့ ဆိုတယ်။မလိုက်နာတာ၊စွန့်ခွါတာဟာ တာဝန်ယူမှုကနေ ရှောင်တာမျိုးမဟုတ်ဘူး။အာခံမှုတရပ်ပဲ။”သင်တို့မှာ ချုပ်နှောင်ထားတဲ့သံကြိုးများကို စွန့်ခွါရုံတင်မကပဲ လူမှုပုံစံအသစ်တွေ ဖန်တီးဖို့ရည်ရွယ်ခဲ့ရင် စွန့်ခွါပြေးခြင်းဟာလည်း နောက်တဖန်ပြန်လည်တိုက်ပွဲဝင်ခြင်း ဖြစ်လာနိုင်ပါသေးတယ်။
Displaying 1 of 1 review