Jump to ratings and reviews
Rate this book

ပင်လယ်နှင့်တူသော မိန်းမများ

Rate this book

512 pages, Paperback

First published April 1, 1996

13 people are currently reading
171 people want to read

About the author

ဂျူး

34 books255 followers
Ju is a Burmese novelist, well known for her strong, intelligent female characters.

Despite her interest in writing, upon her mother's prodding, she pursued medical studies at the Institute of Medicine, Mandalay. She started writing while in medical school, and her first short story (ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့) was published in 1979. Her writing career took off in the late 1980s, with her debut novel, Remembrance (အမှတ်တရ), published in 1987.The bestseller novel stirred controversy for endorsing Western existentialist philosophy and portraying cohabiting unwed couples.

She has published fifteen novels (most of them were adapted into films), seven collections of short stories and seven collections of articles on the environment. She currently works as a co-founder of an HIV positive children orphanage and also a participant in the HIV/AIDS Media Initiative and Yadana Metta Foundation. Her writings now focus on environmental conservation.

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
35 (50%)
4 stars
18 (26%)
3 stars
10 (14%)
2 stars
0 (0%)
1 star
6 (8%)
Displaying 1 - 4 of 4 reviews
Profile Image for Su.
290 reviews
December 21, 2015
I remember reading this book over a decade ago. Even if I don't remember the whole story, I remember it was a thick book and I enjoyed it a lot. But reading it again today validated those feelings. Even after these many years, my love for this book was renewed all over again and even a little bit more. The best thing about this book was that it featured many strong female characters. The woman who was born brave and fearless, the woman who took up courage for her baby, the woman who helped build strength for another woman; I really thank the author for introducing these amazing characters to us. Her writing also stirred up a lot of emotions. If I could collect my thoughts, I'd probably write my review in Burmese. For now, I'm looking forward to re-reading more of her books.
1 review
May 19, 2021
စဖတ် ဖတ်ခြင်းတော့ ကလေးတွေက သူတို့အဖေကို စိမ်းပြီး မြို့ကြီးသားပုံစံနဲ့ဆက်ဆံမလားလို့စိုးရိမ်ခဲ့မိတယ် ။ ကလေးတွေရဲ့ချစ်ချစ်ခင်ခင်ဆက်ဆံမှု့က အေးအောင်ရဲ့ အမအပေါ်ချစ်ခင်စိတ် တူတူမ တွေကို ချစ်ခင်ပူပန် ဆုံးမမှု့တွေကိုခံစားလိုက်ရတယ်။ အေးအောင်ငယ်ငယ်ကမောက်မာခဲ့ပေမဲ့ ပြန် ကာ ပေးထားတာကိုစာနဲ့မရေးဘဲဖော်ပြပေးထားတယ်။ စိတ်ထဲမှာရင်နင့်အောင်လိုက်ခံစားမိနေသူ၂ ယောက်ကတော့ မငွေအိမ် နဲ့ ဟင်္သာ... နူးညံ့စွာချစ်တတ်ကြသူ၂ယောက်လုံးဟာ ချစ်ရသူတွေက ထားရက်ခဲ့ကြတယ်.. ဆရာမဂျူးရဲ့ဇာတ်ကောင်မိန်းကလေးတွေရဲ့စရိုက်တွေက ဆရာမရဲ့စာဖတ်အားကောင်းမှု့ ဒေသပတ်ဝန်းကျင်လေ့လာစူးစမ်းအားကောင်းမှု့တွေကွက်ကွက်ကွင်းကွင်းမြင်ရတဲ့အပြင် မိန်းကလေးတွေက ပျော့ညံ့မှု့မရှိ ထက်မြက်မှု့ကိုအထင်းသားမြင်တွေ့ရပါတယ်။
Profile Image for Thinn.
158 reviews12 followers
May 7, 2022
ဆရာမဂျူးစာအုပ်တွေကို ငယ်ငယ်ကတည်းက မက်မက်မောမော ဖတ်ခဲ့ရတာ။ အသက်နည်းနည်းကြီးလာတော့ တချို့စာအုပ်တွေကိုသိပ်မကြိုက်တော့ဘူး။ ဒီစာအုပ်ကိုတော့ အတော်ကြိုက်ခဲ့တဲ့အထဲမှာပါတယ်။ အိမ်စိုးမေသေသွားတဲ့အခန်းမှာဆို နာနာကျင်ကျင်ခံစားရတယ်။ အသက်အရွယ်တခုမှာကြိုက်ခဲ့တဲ့စာအုပ်ကို အသက်ကြီးလာမှဖတ်ရင် ကြိုက်မှကြိုက်ပါ့မလားဆိုပြီး တွေးပူမိသေးတယ်။

ဒါပေမဲ့ ပြန်ဖတ်တော့လည်း ကြိုက်တယ်။ စစဖတ်ချင်းတုန်းကဆို ဟင်္သာကိုသနားလိုက်ရတာ။ ဇာတ်နောက်ကြောင်းပြန်တော့ ဦးမင်းခေါင်ကိုမုန်းတယ်။ ဇာတ်လမ်းအဆုံးအထိမုန်းတယ်။ သူ့တဘဝလုံး သူလုပ်ချင်တာမှန်သမျှကိုသွေးအေးအေးနဲ့လုပ်သွားတယ်။ တဘက်လူဘာဖြစ်မလဲဆိုတာ လုံးဝထည့်မတွေးပေးဘူး။ နောက်ဆုံး သူ့မြေးမလေးရည်းစားထားမှ မငွေအိမ်ကို ခဏစဉ်းစားပေးတဲ့ အခန်းကလွဲလို့ ဦးမင်းခေါင်က တဘဝလုံး သူ့စိတ်ကြိုက်လုပ်သွားတယ်လို့ပဲခံစားရတယ်။ သေခါနီးတောင် သူ့စိတ်ကြိုက်စီစဉ်သွားတယ်။
ဦးမင်းခေါင်နဲ့ပတ်သတ်ခဲ့တဲ့ ဒေါ်တင်တင်အေးကိုရော၊ ဒေါ်ငွေအိမ်ကိုရော ၂ ယောက်လုံးကို သနားတယ်။ ဒေါ်တင်တင်အေးရဲ့ခံစားချက်ကို သေချာထည့်မရေးပေမဲ့ ဖြည့်ပြီးတွေးပေးမိတယ်။ ကိုယ်ချစ်လို့ယူထားတဲ့ယောက်ျားက အရင်ကမိန်းမအပြင် သမီးပါရှိတယ်ဆိုတာ သူ့သားက ဖော်မှသိရတဲ့ဘဝ။ စစ်ပြေးတဲ့အချိန်လည်း သူ့ခမျာ ငွေအိမ့်ဆီသွားနေရတော့ ဘယ်လောက်အနေကျဉ်းကြပ်ရှာမလဲ။ သေတဲ့အထိ သားကိုသခင်၊ လင်ကိုဘုရားလို ကိုးကွယ်ခဲ့ရှာပုံပေါ်တယ်။
ဒေါ်ငွေအိမ်ကတော့ကြိုက်တဲ့ ဇာတ်ကောင်ထဲမှာပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေရော၊ အမေရော ဆုံးရှုံးခဲ့ပေမဲ့ ဘဝကိုရဲရဲဝံ့ဝံ့ သူသေတဲ့အထိရင်ဆိုင်သွားတယ်။ အိမ်စိုးမေကို အဖေ့ကိုတွေ့ရင်မနှုတ်ဆက်နဲ့ သူရှက်သွားလိမ့်မယ်လို့ပြောထားတာကို အရမ်းသဘောကျတယ်။ မဟုတ်တာလုပ်ခဲ့တဲ့လူက ရှက်ရမှာလို့ သူ့သမီးကို သွယ်ဝိုက်ပြီးသင်ပေးသလိုပဲ။ တကယ်တော့ ဒေါ်ငွေအိမ်ကြောင့် အိမ်စိုးမေဟာ ရဲ့ရင့်တာ၊ မဟုတ်မခံစိတ်ရှိတာ။
ဒေါ် ခင်မင်းမေကိုလည်းသဘောကျတယ်။ သူ့မောင်ရဲ့အရှုပ်ထုတ်ကို သူမားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးတယ်။ အိမ်စိုးမေကိုလည်း ချစ်ရှာတယ်။ တခုပဲ ဒေါ်တင်တင်အေးကိုတော့ မတည့်ဘူး။ သူ့မောင်ကိုအမြင်ကပ်လို့ သူတရားဝင်ယူလိုက်တဲ့မိန်းမကို မကြိုက်တာထင်ပါတယ်။
အေးအောင်ကိုတော့ စဖတ်တုန်းကအမြင်ကပ်တယ်။ ဒါပေမဲ့သူ့ခမျာလည်း စိတ်ဒဏ်ရာနဲ့ကြီးပြင်းခဲ့ရရှာတာ။ အိမ်စိုးမေကလည်း နိုင်စားတယ် မောင်ကို။ နောက်ပိုင်းတော့ သူ့အမကိုချစ်ရှာပါတယ်။ ဟင်္သာနဲ့တောင် မတူဘူး၊ မတန်ဘူးလို့ပြောသေးတယ်။ သူ့အမရဲ့ကလေး ၂ ယောက်ကိုလည်း သူ့ကလေးလိုသဘောထားပြီး ကျွေးမွေးစောင့်ရှောက်ပေးတာပဲ။
အိမ်စိုးမေ ကတော့ ငယ်ငယ်ကသိပ်ကြိုက်ခဲ့တဲ့ဇာတ်ကောင်။ သတ္တိရှိလိုက်တာလို့ ဖတ်နေရင်းတဖွဖွပြောမိတယ်။ တော်လှန်ရေးကာလမှာ ပြန်ဖတ်တော့ သူ့နေရာမှာ အခုခေတ်တော်လှန်ရေးထဲမှာပါဝင်နေတဲ့ကောင်မလေးတွေကိုတောင် မြင်ယောင်ကြည့်မိတယ်။ အိမ်စိုးမေက ဟင်္သာကိုတကယ်ရော ချစ်ခဲ့ရဲ့လားလို့ အခုတခေါက်ဖတ်တော့ တွေးမိတယ်။ ဟင်္သာဟာ သူထားရာနေ စေရာသွားမို့လို့များလက်ထပ်ခဲ့တာလား? ပြီးတော့ လက်ထပ်မယ်ဆိုတော့လည်း ကောက်ယူပလိုက်တာပဲ။ တိုက်ပွဲမှာကျတော့လည်း ဟင်္သာကို သူ့ယောက်ျားမို့ကာကွယ်ပေးတာမဟုတ်ဘဲနဲ့ ရဲဘော်ရဲဘက်တယောက် အနေနဲ့ကာကွယ်ပေးတာလားလို့တောင် ထင်မိတယ်။
ဒီတခေါက်ဖတ်တော့ ဟင်္သာကိုအတော်သနားတယ်။ သူ့မှာ ကံဆိုးမသွားရာမိုးလိုက်ရွာဆိုသလိုပဲ။ မမအိမ်စိုးမေကိုလည်း ချစ်လိုက်ရတာ။ ဟိုက လာဆိုလာတယ်၊ သွားဆို ဘာမှတောင်ပြန်မပြောဘူး ထွက်သွားတာပဲ။ မမအိမ်စိုးမေနောက်ကို ချစ်လို့လိုက်ရှာတယ်။ မမအိမ်စိုးမေသေတာ သူ့ကြောင့်ဆိုပြီး ကိုယ့်ကိုကိုယ်ဒဏ်ခတ်တဲ့ အနေနဲ့ သားနဲ့သမီးကို အေးအောင်ကိုပေးပစ်တယ်။ ဒေါ်ငွေအိမ်ကိုလည်း မျက်နှာချင်းမဆိုင်ဝံ့ရှာဘူး။ တဘဝလုံးသူ့မှာ မမအိမ်စိုးမေ ထားရာနေ၊ စေရာသွားခဲ့တာ မမသေသွားတဲ့အထိတောင် မမအရိပ်ကသူ့ကိုလွှမ်းမိုးရှာတယ်။ ဒေါ်ငွေအိမ်ကသာ လိုက်မရှာရင် ဟင်္သာတယောက်ပေတေ၊ လေလွင့်နေလောက်တယ်။ သူ့သားနဲ့သမီးကိုချစ်ပေမဲ့ မတို့ရက်၊ မထိရက်။ မမကိုကြောက်ပြီး ချစ်ခဲ့ရတဲ့အရှိန်ကမသေရှာဘူး။

စာအုပ်ဖတ်ပြီးရင်ထဲမှာ ဟာဟာကြီးကျန်ခဲ့တယ်။ ဆရာမဂျူးစာအုပ်တွေကိုကြိုက်ရတာအဲ့တာကြောင့်ပဲ။ ဖတ်ပြီးရင် ဇာတ်လမ်းကိုဆက်တွေးနေရလို့။

“ရေစီးခက်ထန်တဲ့မြစ်ပဲဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့ မြစ်ပဲဖြစ်ဖြစ်၊ တိမ်တဲ့မြစ်ပဲဖြစ်ဖြစ်၊ နက်တဲ့မြစ်ပဲဖြစ်ဖြစ် မြစ်ဟူသမျှဟာ ပင်လယ်ထဲကို စီးကြတာချည်းပဲ။
ပင်လယ်နဲ့တွေ့တဲ့အခါ
ကြမ်းတမ်းတဲ့မြစ်တွေက နူးညံ့သွားကြတယ်၊
ညင်သာတဲ့မြစ်တွေက ငြိမ်သက်သွားကြတယ်၊
ဒါပေမယ့် လက်ခံရတဲ့ ပင်လယ်ကတော့
အမြဲတမ်းလှိုင်းတံပိုးတွေနဲ့လေ။”
This entire review has been hidden because of spoilers.
Displaying 1 - 4 of 4 reviews

Can't find what you're looking for?

Get help and learn more about the design.