"စိတ်ဆိုတာလည်း ငှက်မွေးကလေးလို ပေါ့ပါးရင်တော့ အကောင်းသားပဲနော်။ လွတ်လွတ်ကင်းကင်း လွင့်ချင်ရာ လွင့်နိုင်တာပေါ့။ ခုတော့ ပင့်ကူအိမ်တွယ်သလို တွယ်ငြိစရာတွေက အများကြီး မဟုတ်လားမောင်.."
.
ကိုဘခက်နဲ့မ,ရဲ့ အချင်းချင်း လေးစားတန်ဖိုးထားပီး ချစ်ကြတာကို ဖတ်ရင်းနဲ့ ကြည်နူးမိတယ်.. မ,ရဲ့ စိတ်နေသဘောဟာ အရမ်းအေးချမ်းလွန်းပီး အဖေအပေါ် ညီအစ်မအပေါ် ချစ်သူအပေါ်ထားတဲ့ အချစ်သံယောဇဥ်ကို ခံစားရတယ်.. လူ့အသိုင်းအဝိုင်းရဲ့အပြုအမူ၊ သဘောထား၊ နေထိုင်ပုံတွေကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတာကြောင့် တထိုင်တည်းအပီးဖတ်ဖြစ်ခဲ့တဲ့ စာအုပ်ကောင်းလေးပါ..