ဇာတ်လမ်းက တန်ခူးအိန္ဒြေ (ခူးခူး) နဲ့ မြင့်မိုရ်မာန် ဇာတ်လမ်း။ ဆရာမြေမှုန်လွင်က ခူးခူးကို သာမာန်မဟုတ်တဲ့ မိန်းကလေးအနေနဲ့ သရုပ်ဖော်ထားတယ်။ ဆရာက သူ့ခူးခူးကို ခေတ်ရှေ့ပြေးသော၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်သော၊ မှန်တာထင်ရင် အကုန်လုပ်တတ်သော မိန်းကလေးလို့ စောင်းတင်ပြီး ရေးထားပေမဲ့ ကိုယ့်အတွက်တော့ ခူးခူးက ရှေးရိုးစွဲအတွေးအခေါ်တွေနဲ့ ပိတ်မိနေတုန်းပဲ။
ခူးခူးက ဆယ်ကျော်သက်နဲ့ကိုယ်ဝန်ရှိသွားပြီး သူ့ရည်းစားက တာဝန်မယူဘူးလို့ ပြောလို့ သူ့ရည်းစားအမေရော၊ ခူးခူးရဲ့ အဒေါ်ရောက ကိုယ်ဝန်ကို ဖျက်ချခိုင်းတယ်။ ခူးခူးက ကလေးကိုယ် ရအောင်မွေးမယ် လုပ်တယ်။ တကယ်တမ်း သေချာစဉ်းစားရင် ကလေးကို မွေးလိုက်တာနဲ့ မိခင်ကောင်း ဖြစ်မသွားဘူး။ ကလေးကို လောကကြီးထဲ ခေါ်လာမယ်ဆို လူတလုံးသူတလုံးဖြစ်အောင် ပြုစုစောင့်ရှောက်ရမှာ။ သူ့မှာ အဲ့အတွက် အစီအစဉ်ရှိမနေဘူး။ ကလေးမွေးပြီးတော့လည်း သူ့ကိုယ်ရော၊ ကလေးကိုရော စောင့်ရှောက်ပေးမဲ့ ကြီးကြီးနဲ့တွေ့လို့ပေါ့။ ကြီးကြီးနဲ့သာမတွေ့ရင် သူလျှောက်သွား၊ ဓာတ်ပုံတွေလျှောက်ရိုက်နေတဲ့ အချိန် ပုံမှန်မဟုတ်တဲ့ သူ့သားကလေးက ဘယ်လို လုပ်မလဲ။
ဘတ်စ်ကားပေါ်မှာ စပယ်ယာကို ဓားနဲ့ထောက်ဖို့ လက်မရွံ့တဲ့ ခူးခူးက သူ့ရည်းစားအဟောင်း (ကလေးရဲ့အဖေ) က သူတို့ရဲ့ ညစ်ညမ်းပုံတွေ အွန်လိုင်းမှာ တင်မှာကို စိုးရိမ်လို့ ဒူဘိုင်းလိုက်သွားရတယ်ဆိုတာကြီးကလည်း ကိုယ့်အတွက်တော့ ယုတ္တိမတန်ဘူး။ တကယ်ဆို သူ့ရည်းစားဟောင်းရဲ့ အမေရော၊ ညီမရောက မြန်မာနိုင်ငံမှာ ကျန်ခဲ့တာပဲကို တကယ့်ခူးခူးသာဆို အဲ့အိမ်ကိုသွားပြီး ပြဿနာရှာမှာ။ ပြီးတော့ ပုံတင်တဲ့အကောင်ကိုလည်း နှာဗူး၊ တဏှာရူးကောင် ဇာတ်သွင်းပြစ်ရမှာ။ အခုတော့ ခူးခူးက ရှေးစွဲတွေထဲ မသိမသာ ပိတ်မိနေတာ။ ပြီးတော့ ခူးခူးက မိန်းကလေးတွေနဲ့မပေါင်းဘူးတဲ့ စပ်စုလို့ ဆိုပြီး ရေးထားတယ်။ စောက်ရမ်း misogynist ဖြစ်လိုက်တာလို့ပဲ ပြောချင်ပါတယ် 🙄
ဖိုးသားလေး (ခူးခူးရဲ့ကလေး)က ပုံမှန်မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့ ဆရာဝန်တွေနဲ့ မတိုင်ပင်ဘဲ မြင့်မိုရ်မာန်က Facebook ပေါ်မှာ ဖိုးသားလေးအကြောင်းတင်မှ တောင်အာဖရိကမှာ ဆေးသွားကုနေတဲ့ မြန်မာဆရာဝန်က ဒီကလေးမှာ Autistic child လက္ခဏာတွေ တွေ့ရပါတယ်လို့ လှမ်းပြောတာကြီးကကျတော့ နည်းနည်းများသွားပြီ။ 🥴
“I am not like other girls” ဆိုတာ အရမ်းကြီး ထွင်ပြနေမှ၊ ဘေးထွက်နေမှ ဖြစ်တာမဟုတ်ဘူး ဆိုတာ ဆရာမြေမှုန်လွင် ကို သိစေချင်ပါတယ်။ Misogynist ဖြစ်ချင်းမှလည်း ကင်းဝေးနိုင်ပါစေ။
“အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ချည်နှောင်ဖို့၊ နောက်ဆံတင်းဖို့ အရိပ်လိုတကောက်ကောက်လိုက်နေဖို့မှ မဟုတ်တည၊ လူတိုင်း လူတျုင်းမှာ လွတ်လပ်ခွင့်ရှိသလို အဲဒီလွတ်လပ်ခွင့်ကို လေးစားရမယ်၊ ချစ်သူအချင်းချင်း ပိုပြီးတော့တောင် လေးစားရမယ်”
#ခူး #မြေမှုန်လွင် #ဝတ္ထု #မြန်မာစာအုပ် #readingwiththinn📚 #AuspiciousApril #burmesebookreview