ဖတ်ချင် တယ် အကြောင်းမတိုက် ဆိုင်တော့ မဖတ် ရဘူး။
အခု မှ ဖတ် ရတယ်။
ဇီမ်ဆွဲ မဖတ် နိုင် လို့ ကျားလိုက်သလို ဖတ် ရတယ် 🤣
နောက် တခေါက် ဆိုရင် အေးအေး ပြန်ဖတ်မယ်။
ဗမာပြည် က တိုက်ပွဲတွေ အခု ထိ အဆုံး မသတ် နိုင်သေးဘူး။
အင်္ဂလိပ် ခေတ်
ဂျပန့် ခေတ်
အင်္ဂလိပ် ပြန် အဝင် ခေတ်
ဒီမိုကရေစီ လို့ ပြောလို့ ရတဲ့ ခေတ်
ပြည်တွင်း စစ် က လည်း တိုက်လိုက် ရသေး
စစ်ကျွန် ဘဝ ရောက်
လူ တွေ အသက် ပေး ပြီးမှ 2015 to 2020 မှာ အေးအေး လေး နား
အခု ခေတ် ပေါ့။
တိုက် ပွဲ တွေ ဟာ အခု ထိ ကို မပြီး နိုင်သေးဘူး
လူထု လည်း အေးအေး နေရမယ့် ဇာတာ မပါဘူး
စာ အုပ် အကြောင်း ဆက် ရရင်
ကမူးရူးထိုး တင်ထွန်း က နေ့ ရင့်ကျက် လာ တဲ့ တင်ထွန်း အကြောင်းလို့ ပြောရင်လည်းပြောလို့ ရတာ ပေါ့။
တင်ထွန်း ဆိုတာ သိန်းဖေမြင့် မဟုတ်ဘူး ဆိုတာ တော့ မယုံ ဘူး။
ဘယ် အချက် ကြောင့် မယုံ တာ လဲ လို့ တော့ ပြောလို့ မတတ်ဘူး။