Jump to ratings and reviews
Rate this book

ခေါင်ရန်းပန်းတို့ပွင့်နေပြီ

Rate this book
ကမ်းခြေလေးတစ်ခုသည် နေ့အလင်းဖြင့် လင်းချင်းဝင်းပကာနေပါ၏။ သဲသောင်ပြင်သည် လူအချို့ကို ထမ်းတင်ထားသည်။ ကမ်းခြေသည် ထူးဆန်း၏။ လူတိုင်းရောက်လာခွင့်မရှိသလို ရောက်လာသမျှ လူတိုင်းသည်လည်း သင်္ဘောပေါ်တက်ခွင့်မရှိ။ ကမ်းခြေကို ရောက်လာသူတို့ လုပ်ရမည့်အလုပ်သည် လှုံ့ဆော်မှုကိုစောင့်ကာ စကားပြောရခြင်းဖြစ်၏။ ကမ်းခြေ၏စည်းကမ်းမှာ လှုံ့ဆော်မှုကုန်လျင် ပြောစကားကို ရပ်ရ၏။

တစ်ခါတလေ ပင်လယ်သံကို နားထောင်ရတာ
တော်တော်…အရသာမဲ့လွန်းတယ်….
နေဝင်တော့မယ်…ပြောကာမှ…
ငှက်ဆိုးက ထတွန်လာတာမျိုး……..

ဇာတ်ညွှန်းရေးဆရာ နှောင်းနေသည် အောင်မြင်သော ရုပ်သံဇာတ်လမ်းတွဲများကို ရေးသားထားနိုင်သူဖြစ်ပြီး လှို့ဝှက်ထူးဆန်းသော အလုပ်တစ်ခုကိုလည်း ပူးတွဲလုပ်ဆောင်နေသူဖြစ်သည်။ သူ့တွင် မေနှစ်ကုန် ဟုခေါ်သည့် သူ့အပေါ်အရမ်းချစ်သော ဇနီးသည်တစ်ဦးလည်းရှိသည်။ သူတို့နှစ်ဦးမှာ တိုက်ခန်းလေးတစ်ခု၌ အချိန်ကာလတစ်ခုကို ဖြတ်သန်းလာပြီးနောက် နှောင်းနေ၏အမူအရာများ စတင်ပျက်ယွင်းလာတော့၏။ သူ၏ လှို့ဝှက်သောအလုပ်ကြောင့် ညသန်းခေါင်များတွင် တစ်စုံတစ်ဦးဆီသို့ message များပို့လာသည်။ နှောင်းနေ၏ အမူအရာပျက်ယွင်းမှုကို သတိထားမိသော ဇနီးသည် နှစ်ကုန်သည်လည်း ထူးဆန်းစွာပင် ဖုန်းဖြင့် တစ်စုံတစ်ဦးဆီသို့ message များပို့လာတော့သည်။

နှောင်းနေတို့နေထိုင်ရာ တိုက်ခန်း၏အပေါ်ဘက် ငါးလွှာတွင် စိမ်းလဲ့ ဟုခေါ်သော ကလေးတစ်ယောက်မိခင် ရှိသည်။ သူမသည်လည်း တိုက်ဆိုင်စွာပင် ဖုန်း message များပို့လာပါတော့၏။

ထိုစဉ် ကမ်းခြေသို့ ထောင်ကျနေသော စိမ်းလဲ့ခင်ပွန်း ဝေဖြိုး၊ စီးပွားရေးသမား ဦးသန်းထိုက်၊ စိတ်ပညာပါမောက္ခ ဦးခင်ဖေတို့ ထပ်ရောက်လာသည်။

ညသည် မှောင်ခဲ့ပြီဖြစ်၏။
သင်္ဘောကား ခုထိမလာသေး…..။

287 pages, Paperback

First published February 1, 2021

10 people are currently reading
90 people want to read

About the author

သိုးဆောင်း

8 books100 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
8 (36%)
4 stars
5 (22%)
3 stars
5 (22%)
2 stars
3 (13%)
1 star
1 (4%)
Displaying 1 - 3 of 3 reviews
Displaying 1 - 3 of 3 reviews

Can't find what you're looking for?

Get help and learn more about the design.