Thinn158 reviews12 followersFollowFollowMay 14, 2024စာအုပ်က အစပိုင်းမှာတော့ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားကျောင်းတွေ စတည်ထောင်ပုံ၊ Young Men’s Buddhist Association (Y.M.B.A) နဲ့ General Council of Burmese Associations (G.C.B.A) ပေါ်ပေါက်လာပုံ၊ တို့ဗမာအစည်းအရုံးကြီး စတင်ဖွဲ့စည်းဖြစ်ပုံ၊ ကိုအောင်ကျော် ကျဆုံးခဲ့တာတွေကို ဖတ်ရတော့ ငယ်ငယ်က သင်ခဲ့ရတဲ့သမိုင်းကို ပြန်နွှေးသလိုဖြစ်လို့ သဘောကျပါတယ်။ ကိုလိုနီခေတ်နဲ့ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) All Burma Students’ Union - ABSU နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဖွဲ့စည်းပုံအကြောင်းတွေ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်။ နယ်ချဲ့ကို ကာပြန်ပြီး ပညာရေးလွတ်လပ်ခွင့်တွေ ထူထောင်တာ ဖတ်ရတာ အားရစရာကြီး။ ဒေါက်တာဘမော်ကတော့ ကိုလိုနီခေတ်ကတည်းက နယ်ချဲ့လက်ပါစေ၊ ဗီလိန်ပဲ။ 😑 လွတ်လပ်ရေးရပြီးတော့ နယ်ချဲ့ကို ရွပ်ရွပ်ချွံချွံတော်လှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် သခင်နုတို့ရဲ့ ဖ.ဆ.ပ.လ အစိုးရလည်း တက်လာရော ကျောင်းသားတွေကို ပြန်နှိပ်ကွပ်တာနော်။ 🥴 သူတို့ကို ပြန်တော်လှန်ရတာ။ စစ်ရေးပိုင်းမှာ တနှစ်အသုံးစရိတ်က သိန်း ၄ ထောင်သုံးပြီး ပညာရေးပိုင်းမှာ သိန်း ၉၀၀ ပဲ သုံးလို့ဆိုပြီး ထောက်ပြကြတယ်။ ပြီးတော့ ပညာရေးပိုင်းမှာ အခြေခံအသုံးစရိတ်သေးသေးလေးတွေက အစလိုက်တောင်းပြီး သုံးရတာနော်။ 🙄 အဲ့နောက်ပိုင်း ဖတ်ရတာ အဆင်မပြေတော့ဘူးရယ်။ ဖ.ဆ.ပ.လ အစိုးရကတည်းက တောင်းဆိုရတာတွေက အခုထိမပြီးဆုံးသေးတဲ့ ခရီးကြမ်းကြီးလိုပဲ။ တကသရော၊ ဗကသရောလည်း နောက်ပိုင်းမကြိုက်ဘူး။ sexist ဖြစ်တယ် ခံစားရလို့။ ကိုလိုနီခေတ်ကတည်းက သပိတ်မှောက်တာတွေရော၊ ဖမ်းဆီးခံ၊ အရိုက်ခံရတာရောတွေထဲမှာ အမျိုးသမီးတွေပါပေမဲ့ သူတို့အဖွဲ့ထဲမှာဆို အမျိုးသမီးတွေကို ‘အမှုဆောင်’ တို့၊ ‘ငွေထိန်း’ တို့လို နေရာတွေပဲ ပေးတာနော်။ ဒီစာအုပ်ထဲမှာပါတဲ့ ခုနစ်အထိ တကသရော၊ ဗကသရောမှာ အမျိုးသမီး ဥက္ကဌ ရယ်လို့ တခါမှ မရှိခဲ့ဘူး။ 😡 ဒုဥက္ကဌ အဆင့်တောင်မရှိဘူး။ တိုင်းရင်းသားတွေဆိုလည်း အဲ့လောက်နေရာမပေးဘူး။ ဗမာလူမျိုးကြီးဝါဒတွေ များနေတာ။ 🫠အဲ့တော့ သူတို့ဘာလုပ်လုပ် စိတ်မဝင်စားတော့ဘူးရယ်။ စာအုပ်ဖတ်ဖြစ်သွားတာက crush ကို သွားကြူးမို့လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်တာ။ စာအုပ်ကို တလကျော်ကြာအောင်တောင် ဖတ်လိုက်ရတယ်။ စာအုပ်လည်း ဒေါသထွက်ထွက်နဲ့ ပြီးအောင်ဖတ်လိုက်ရလို့ ထင်တယ် Crush လည်းမကြူးချင်တော့ဘူးရယ်။ 😤သုသေသနလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ ကျောင်းသားသမဂ္ဂအကြောင်းတွေကို ထဲထဲဝင်ဝင်သိချင်လို့ပဲ ဖြစ်ဖြစ် ဖတ်သင့်တဲ့စာအုပ်ပါ။ စာရေးတဲ့သူကမှီငြမ်းဆောင်းပါးပေါင်း ၁၀၀ ကျော်တာ ဖတ်ထားတာ။ ပြီးတော့ နောက်ဆက်တွဲမှာလည်း ခေတ်အဆက်ဆက်က နိုင်ငံတကာနဲ့ သဝဏ်လွှာတွေလည်း ထည့်ပေးထားတယ်။ စာရေးတဲ့သူက ဒီစာအုပ်ရေးလို့ ထောင်ကျသွားသေးတယ်ထင်တယ်။ “ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၄င်းတို့ရေးရာဒေသ၊ ရေးငည့်အချိန်ကာလ စသည်တို့ကိုကြည့်၍၊ ဝေဘန်ပြီးလျှင်၊ လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည်၊ လောကအမှတ်အသား ကောင်းမွန်၍ နေရာချတတ်လျှင် စာတတ်နေရန်မလိုချေ။” (ကျောင်းသားဝတ္တရား _ အောင်ဆန်း) #မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း #၁၉၀၃_၆၂ #အောင်ထွန်း #ကျောင်းသားသမဂ္ဂ #readingwiththinn📚