Jump to ratings and reviews

ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ

383 pages, Paperback

Published March 1, 2011

Loading...
Loading...

About the author

ဂျူး

34 books270 followers
Ju is a Burmese novelist, well known for her strong, intelligent female characters.

Despite her interest in writing, upon her mother's prodding, she pursued medical studies at the Institute of Medicine, Mandalay. She started writing while in medical school, and her first short story (ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့) was published in 1979. Her writing career took off in the late 1980s, with her debut novel, Remembrance (အမှတ်တရ), published in 1987.The bestseller novel stirred controversy for endorsing Western existentialist philosophy and portraying cohabiting unwed couples.

She has published fifteen novels (most of them were adapted into films), seven collections of short stories and seven collections of articles on the environment. She currently works as a co-founder of an HIV positive children orphanage and also a participant in the HIV/AIDS Media Initiative and Yadana Metta Foundation. Her writings now focus on environmental conservation.

Ratings & Reviews

What do you think?

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
36 (31%)
4 stars
34 (29%)
3 stars
30 (26%)
2 stars
13 (11%)
1 star
2 (1%)
Displaying 1 - 10 of 10 reviews
27 reviews1 follower
May 11, 2020
ရသစာပေဖတ်နေကြမဟုတ်တော့ စိတ်ထဲတစ်မျိုးကြီးပဲ။ မေးခွန်းတွေ၊ အတွေးတွေကအများကြီး။ နားမလည်နိုင်တာတွေလည်းရှိတယ်။ အားလုံးကိုလိုက်ပြီး နားလည်အောင်လုပ်ဖို့တော့မလိုဘူးထင်တာပဲ။ ဒါပေမဲ့အဲဒီခံစားချက်မျိုးကိုမကြိုက်ဘူး။ ကိုဇင်ကဟတ်ကော့ကြီးကျန်ခဲ့ပြီပေါ့။​ 😐 အဲဒီလိုလည်းပြောလို့တော့မရဘူး၊ ဘာတွေဆက်ဖြစ်ကြလဲဆိုတာရေးမှမရေးထားတာ။ မသီရိရောဘယ်လိုတွေစိတ်ထဲဖြစ်နေမလဲမသိဘူး။ သူ့ဘဝမှာအရေးပါတဲ့သူတစ်ယောက်ကို ဆုံးရှုံးရတော့မှာလို့တွေးမလား၊ သဘောထားကြီးကြီးနဲ့ ပြည်မိုးငြိမ်းအတွက်ပဲဝမ်းသာပေးနေမလားမသိဘူး။ အမေဖြစ်ဖြစ်၊ အစ်မဖြစ်ဖြစ် ကိုယ့်သား၊ ကိုယ့်မောင်က သူများတစ်ယောက်စီကိုရောက်သွားရင်တော့အနည်းအများတော့ခံစားရမှာပဲလေ။ 😪 မြဝန်းရံအမေကတော့ အော်ငါ့သမီးဒီမှာလာပြီး အလုပ်ကြီးအကိုင်ကြီးလုပ်နေတာကိုးလို့တွေးမှာ။ 😂

ပြည်မိုးငြိမ်းရော၊ မြဝန်းရံရော ဇာတ်ကောင်နှစ်ယောက်စလုံးရဲ့ပုံစံကိုကြိုက်တယ်။ နှစ်ယောက်စလုံးမှာ ကိုယ်တွေနဲ့တူတဲ့အကြည့်စရိုက်လေးတွေရှိလို့။​ တစ်ခုခုကိုသိချင်ပြီဆိုရင် မြေလှန်ပြီးတော့ကိုရှာဖွေလိုက်ရမှ။ ပြည်မိုးငြိမ်းရဲ့ အကောင်းမြင်တတ်တာလေးကိုတော့ တော်တော်သဘောကျတယ်။ အဲဒီလိုမျိုးလူတွေက ဆိုးဝါးတဲ့အမှန်တရားတွေကိုရင်ဆိုင်ရပြီဆိုရင် ပိုပြီးခံစားတတ်ကြရတယ်။ ကိုယ်ကိုယ်တိုင်လည်းကြုံတွေ့ဖူးတယ်၊ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တာကိုလည်းမြင်ဖူးတယ်။ ဒီအဖြစ်အပျက်နောက်ပိုင်း သူတို့နှစ်ယောက်စလုံးရဲ့လောကကြီးကိုမြင်တဲ့အမြင်လေးတွေနဲ့ ခံယူပုံလေးတွေကို သိချင်မိတယ်။ ပြည်မိုးငြိမ်းကိုတော့ အရင်ကအတိုင်းပဲ လောကကြီးကိုဆက်မြင်စေချင်တယ်။ မြဝန်းရံကတော့ ဒါတွေကို အစထဲကပြင်ဆင်ပြီးသားပုံစံပဲ။ လိုက်ဖက်ကြပါပေတယ်။ မြဝန်းရံရဲ့ ပြန်ပြန်ပြီးပြောတတ်တဲ့အကျင့်လေးတွေ၊ အစားအသောက်ရွေးတာတွေ၊ အားလုံးကိုသံသယနဲ့ ဆက်ဆံတာတွေ၊ အကူအညီမယူပဲဇွတ်လုပ်တာလေးတွေ၊ ဖတ်ရင်းနဲ့တောင်ကသိကအောင့်စေဖြစ်တယ်၊ တစ်ဖက်လူကိုအားနာမိလို့။ အဲဒီလိုတွေသာလုပ်တာ မြဝန်းရံကသူတစ်ခုခုမလုပ်ခင်တော်တော်တော့တွေးတယ်၊ ဒီလိုလုပ်ရင်ဘယ်လိုဖြစ်မလဲ ဟိုလိုပြောရင်ဘယ်လိုထင်သွားမလဲစသဖြင့်။ သူ့ကိုကြည့်ရင်းရင်မောတယ်။ သဘောလည်းကျမိတယ်။ မြဝန်းရံကမြို့သူနဲ့တူပါတယ်၊ ကျေးလက်တောရွာတွေမှာက အဲဒီလိုပဲလေ၊ ရှိတာနဲ့စားကြရတာပဲ။ ဆရာမဂျူးက ကျေးလက်ဒေသတွေ ချို့တဲ့တာကိုတော့ သေသေချာချာရေးပြသွားတယ်။ ပြည်မိုးငြိမ်းကလည်း တော်တော်ကို အားတဲ့သူ 😅 အစထဲကသူ့ဥယျာဥ်ခြံကိုဖိတ်ပြီး တောအုပ်ထဲလိုက်ပတ်ပြလိုက်ပေါ့။ အခုကဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတယ်။ ဥာဏ်ကောင်းချက်က အောင်မြေသာစံနယ်က အေးချမ်းတယ်ဆိုပြီး မားကတ်တင်းပါဆင်းသွားတယ်။ အမှန်က သူ့ဥယျာဥ်ခြံကို ကြေညာဝင်ချင်တာ။ ပေါ်တင်ကြီးကလည်း ပြောလို့မကောင်းဘူးဆိုတော့ဇာတ်လမ်းဆင်လိုက်တာနေမှာ။ ဒီလောင်းကစားပွဲမှာတော့ မြဝန်းရံနိုင်တယ်၊ ဒါပေမဲ့ ပြည်မိုးငြိမ်းလည်းသူလိုချင်တာရသွားတယ်လို့မြင်တယ်။ 🤔 သံယောဇဥ်တွယ်သွားပုံလေးကတော့အဆန်းပဲ။ ပြည်မိုးငြိမ်းက love at first sight လား၊ creepy ဖြစ်တာပဲလား၊ desperate ဖြစ်တာပဲလား မသဲကွဲဖူး။ 🙄

စာအုပ်တစ်ဝက်မှာတည်းက ထင်တော့ထင်လိုက်တယ် ပြည်မိုးငြိမ်းရဲ့ အဖိုးပယောဂမကင်းလောက်ဘူးဆိုပြီး၊ အဲဒီနေရာမှာတင်ဖြစ်သွားမယ်လို့တော့မထင်လိုက်ဘူး။ စုံထောက်ဝတ္ထုလိုလိုဘာလိုလိုနဲ့၊ စုံထောက်ဝတ္ထုတောင်သေချာဖတ်ဖူးတာ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းကဖတ်ပြီး အရမ်းကြိုက်ခဲ့ရတဲ့ ကိုပိုက်ရဲ့မုဆိုးဝတ္ထုတွေကိုတောင် ပြန်အမှတ်ရမိတယ်။ သစ်တောရဲ့သဘာဝအလှရဲ့နောက်ကွယ်က ခြောက်ခြားမှုတွေကို ကွင်းကွင်းကွက်ကွက်ရေးပြထားတယ်။ မီးဘေးအန္တရာယ်နဲ့နောက်ဆက်တွဲတွေအကြောင်း ကောင်းကောင်းဖော်ပြထားတဲ့စာအုပ်ပဲလို့ပြောရမယ်။ 😅
This entire review has been hidden because of spoilers.
Profile Image for Thin San.
93 reviews59 followers
Read
August 28, 2016
This is the best one of Juu's books for me. Favorite one so far <3
Profile Image for Thinn.
158 reviews13 followers
April 12, 2016
Loving someone is such a endless job. The more you love, the more you suffer.
Profile Image for Ajuko.
10 reviews
January 6, 2019
အကြိုက်ဆုံး သော ဝတ္ထု ပါပဲ
တော်တော်လေး သဘောကျတယ်
Must read one. 5stars 😁
17 reviews
October 2, 2026
ဂျူး ရဲ့ ဒီဝထ္တုလေးက အတော်လေးကိုစိတ်ဝင်စားဖို့ကောင်သလို အရမ်းလဲဆွဲဆောင်ကောင်းပါတယ်။ သိပ်ကိုနှစ်သက်သဘောကြရပါတယ်။

မထင်မှတ်ပဲ coffee ဆိုင်လေးလေးတစ်ဆိုင်မှာ စုံတွေ့ကြရင်း မမျော်လင့်ပဲ အမြင်မတူသူတစ်ဉီးနဲ့ ကြီးမားတဲ့ ဘဝ နဲ့သက်ဆိုင်တဲ့ အလောင်းစားတစ်ခုကို အစချီထားရာ

မြဝန်းရံ ဆိုတဲ့ ကောင်မလေးတစ်ယောက် ရွာတွေတစ်ရွာပြီးတစ်ရွာကိုလှည့်ပတ်ကာ ရှာဖွေမှုတွေကို ပြုလုပ်ရင်း, မထင်မှတ်ပဲ ရာဇဝတ်မှု တစ်ခုနဲ့ ကြုံတွေ့ ခဲ့ရပြီး ထိုရာဇဝတ်မှုတစ်ခုကို အဖြေရှာဖွေရာကနေ တိုက်ဆိုင်လွန်းစွာပဲပြောရမလား တမင်းလို့ပဲပြောယူရမလား "ကိုပြေ" နဲ့ ပြန်လည်ဆုံတွေ့လာရပြီး တစ်စတစ်စ မထင်မှတ်ပဲအချစ်တွေနိုးထလာရာ ထိုအ‌လောင်းစားကြီးကို ဘယ်သူက နိုင်သွားမလဲ ထိုအ‌လောင်းစားကြီးရဲ့ တန်ကြေး တွေက ဘာတွေဖြစ်မလဲ ဆိုတာကို စိတ်ဝင်စားစွာ ရသမြှောက် ဖတ်ရှုခံစားရမှာဖြစ်လို့ Happy ending နဲ့ပဲ ဖြတ်တန်းကြရမှာပါ...
20 reviews
November 15, 2025
ဇာတ်ကွက်ကို ဆက်ပြီးဖတ်ချင်​​အောင် အလှဆင်ထားတာမြင်ရတယ် ..

သစ်​တောပိုင်ရှင် အလံစိမ်း​လေး ပြည်မိုးငြိမ်းရဲ့ ညီမဆိုပြီး​ခေါ်လိုက်တိုင်း သူဘယ်​လောက် မြဝန်းရံကို မြတ်နိုးတယ်ဆိုတာမြင်​အောင်ပြ​ပေးနိုင်တယ်...

ချစ်ခြင်းမတူနိုင်​သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရ​စေ....

ဆိုတဲ့ စာသား​လေးက​တော့ ဒီဝတ္ထုဖတ်ပြီးတဲ့​နောက်မှာ မ​မေ့နိုင်​တော့မဲ့ စာသား​လေးပါပဲ..
6 reviews1 follower
June 30, 2025
Love it. I read it again and again. Ending is soo good, The Plot Twist, chef kiss.
Profile Image for Runa.
4 reviews
January 28, 2026
Love how they contradict each other yet still find a way to work out in between. Maybe opposites do attract after all.
Displaying 1 - 10 of 10 reviews