Jump to ratings and reviews
Rate this book

အချစ်ဆိုသောအရာ

Rate this book

278 pages, Paperback

Published July 1, 1997

Loading...
Loading...

About the author

စာရေးဆရာမ မိုးမိုး (အင်းလျား) ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလတွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ဖွားမြင်သည်။ ၁၉၅၂ ခုနှစ်တွင် ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားသည်။ သတ္တမတန်းကျောင်းသူဘဝတွင် ကဗျာများ စတင်ရေးသားသည်။ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင်ကော်မတီများတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းသူဘဝတွင် ခရိုင်အလိုက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်ရှိ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သင်္ချာအဓိကဖြင့် တက်ရောက်သင်ကြားသည်။ နေထိုင်ရာ အဆောင်အမည်ကို အစွဲပြု၍ မိုးမိုး (အင်းလျား) ဟူသော အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးသားသည်။ ၁၉၆၅ ခုနှစ်၊ မတ်လတွင် တိုင်းရင်းမေဂျာနယ်၌ 'ရွက်လှပန်းလေးကိုယ့်ဘဝ' ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်သည်။

၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၆၉ နိုဝင်ဘာလ ၆ ရက်တွင် မျိုးညွန့် (စာပေလောက) နှင့် လက်ထပ်သည်။

၁၉၇၀ ခုနှစ်၊ မေလတွင် တိုင်းရင်းမေဂျာနယ်၌ ပြင်ဆင်ခြယ်သမျက်လုံးအလှ ဆောင်းပါးကို ရေးသားသည်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် အိမ်နီးချင်း ဝတ္ထုကို ဖော်ပြခြင်း ခံခဲ့ရသည်။

၁၉၇၂ မှ ၁၉၇၈ ခုနှစ်တွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီသုတေသနဌာနခွဲတွင် သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်၊ အောက်တိုဘာတွင် 'ပျောက်သောလမ်းမှာစမ်းတဝါး'အမည်ရှိ ပထမဆုံးလုံးချင်းဝတ္ထုကို ရေးသားသည်။

ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါးများကို ကွယ်လွန်ချိန်အထိ အဆက်မပြတ် ရေးသားခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်းဝတ္ထု ၁ဝ၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ ပုဒ်နှင့် ဆောင်းပါး ၅၅ ပုဒ်ခန့် ရှိသည်။

ပျောက်သောလမ်းမှာစမ်းတဝါး လုံးချင်း ဝတ္ထုရှည်ဖြင့် ၁၉၇၄ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုရှည်ဆုကိုလည်းကောင်း၊ မဂ္ဂဇင်းဝတ္ထုရှည်များဖြင့် ၁၉၈ဝ ပြည့်နှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို လည်းကောင်း၊ ဝတ္ထုတိုများ (၁) ဖြင့် ၁၉၈၂ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို လည်းကောင်း၊ ဝတ္ထုတိုများ (၂) ဖြင့် ၁၉၈၆ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကိုလည်းကောင်း အမျိုးသား စာပေဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည်။

'ပျောက်သောလမ်းမှာစမ်းတဝါး' ဝတ္ထုကို ရုရှား၊ ဂျပန်ဘာသာများသို့ လည်းကောင်း၊ 'ဘယ်သူလာကူပါ့မယ်' ဝတ္ထုကို ရုရှားဘာသာဖြင့် လည်းကောင်း၊ 'မှတပါးအခြားမရှိပြီး' ဝတ္ထုကို ဂျပန်ဘာသာဖြင့် လည်းကောင်း ပြန်ဆိုထုတ်ဝေခဲ့ပြီး ဝတ္ထုတိုအများအပြားကို အင်္ဂလိပ်၊ ဂျပန်ဘာသာများဖြင့် ပြန်ဆိုထုတ်ဝေခဲ့သည်။

မိုးမိုး (အင်းလျား) သည် ကွယ်လွန်ချိန်အထိ စံပယ်ဖြူမဂ္ဂဇင်းတွင် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေတာဝန်ကို ထမ်းဆောင်ရင်း ၁၉၉ဝ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးမျိုးညွန့် (စာပေလောက) နှင့် သားနှစ်ယောက်၊ သမီး တစ်ယောက်တို့ ကျန်ရစ်သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
1 (10%)
4 stars
3 (30%)
3 stars
5 (50%)
2 stars
1 (10%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
May 19, 2024
အချစ်ဆိုသောအရာ_ မိုးမိုး (အင်းလျား)

ကိုသက်အောင်ရဲ့ဘဝမှာ အချစ်ဆိုတာကို တစ်ယောက်ထဲကိုပဲ ပုံချစ်လို့မရဘူး။ မမြေအေးရဲ့အချစ်ကို ရဖို့ကြိုးစားနေတုန်း မမြထွေး (ချော) နဲ့ ဆုံဖို့ကံ ပါလာတယ်။ ကိုယ့်စိတ်ထဲမှာတော့ မမြေအေးက အိမ်မပိုင်တာပဲ။ အဲ့တော့ သက်အောင်ကို ကြိုးရှည်ရှည်လှန်ထားခြင်တာ။ သက်အောင်ကလည်း one go, two come လို သမား။ မမြေအေးက ငြင်းတော့ ချောကိုတရားဝင်လိုက်တယ်။ ချောနဲ့တရားဝင်ချစ်ကြတယ်။

ဒါပေမဲ့ မမြေအေးက ငြင်းတုန်းက ငြင်းပြီးမှ ဘာလို့ စာတွေ၊ Postcard တွေ လာပို့နေတာလဲ နားမလည်ဘူး။ စမ်းသပ်တယ်ဆိုတာက ပါသေးတယ်။ 😑 သူမွှေလို့ ချောနဲ့ သက်အောင် ပြဿနာဖြစ်တယ်။ ပြန်မပြေလည်ခင်မှာပဲ ချောအမေဆုံးသွားလို့ ချောက သူ့အကိုဝမ်းကွဲနဲ့ ယူပြီး ကျောင်းဆက်မတက်ဖြစ်ရှာဘူး။

ကိုယ်ကတော့ မမြေအေးကို သဘောမကျဘူး။ မလည်ရှုပ်လုပ်ချင်တယ်လို့ ခံစားရလို့။ မမြေအေးလိုပဲ တင်စုလတ် (လတ်လတ်) ကိုလည်း သဘောမကျဘူး။ သူ့မှာ ထူးမောင်နဲ့ပတ်သတ်ပြီး ဒဏ်ရာရခဲ့တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ သက်အောင်နဲ့ချော ဖုန်းပြောတာကို ခိုးနားထောင်ရလောက်အောင် သက်အောင်ကို မယုံကြည်ဘူးဆိုရင် သက်အောင်နဲ့မယူသင့်ဘူး။

ဒီထဲက ဇာတ်ကောင်တွေက အချစ်နဲ့ပတ်သတ်ပြီး ဒဏ်ရာကိုယ်စီနဲ့။ ဒဏ်ရာတွေကို မကုဘဲနဲ့ အသစ်အသစ်တွေနောက်လိုက်ရင်း အချင်းချင်း ဒဏ်ရာတွေ ထပ်ပေးနေတယ်လို့ပဲ ခံစားရတယ်။ ပြီးတော့ သက်အောင်က ချောကို တကယ်ပဲစိတ်မဖြတ်နိုင်တာလား မသိဘူးဆိုတဲ့ သို့လော၊ သို့လော အတွေးကြီးကို ဇာတ်သိမ်းအထိပေးသွားတယ် 🥴

“ချစ်စရာရှိတော့လည်း ချစ်ကြသည်သာ။ ကွဲချိန်တန်တော့လည်း ကွဲကြသည်သာ။ မုန်းချိန်တန်တော့ မုန်းကြပြီး၊ မေ့ချိန်တန်တော့ မေ့ကြသည့်အရာသာတည်း။ အချစ်ကို ရုပ်ဒြပ်တစ်ခုလို ဆုပ်ကိုင်ပြ၍ မရခြင်းကိုက ဘာမျှအဓိပ္ပာယ်မရှိသည့် သဘောပင်ဖြစ်သည်ဟု သိပ္ပံနည်းကျကျတွေးမိလေသည်။ အချစ်သည် ရုပ်မဟုတ်။ အချစ်သည် စိတ္တဇနာမ်တစ်ခုသာတည်း။ အချစ်ဟူသောစိတ္တဇနာမ်ဆစ်ခြအတွက် ရုပ်ဝတ္ထုပစ္စည်းပေါင်းများစွာသည် ပျက်စီးလောင်ကျွမ်းကြရကုန်၏။”

#အချစ်ဆိုသောအရာ #မိုးမိုး_အင်းလျား #20BOOKSBYBURMESEWOMEN #readingwiththinn📚
Displaying 1 of 1 review