Jump to ratings and reviews
Rate this book

ရက်ကန်းလွန်း ဝတ္ထုတိုများ

Rate this book
ကျွန်မ၏ဝတ္ထုတိုများကို ရက်ကန်းလွန်းကလေးနှင့် တင်စားထားပါသည်။ အမြဲတမ်း ဘဝအမောများဖြင့် ပြေးလွှားရုန်းကန်နေကြရသော အညာကျေးလက် လူနေမှုဘဝများနှင့် ပုံရိပ်များကို လွန်းဆံကလေးနှင့် ခိုင်းနှိုင်းချင်၍ ဖြစ်ပါသည်။ ပြေးရင်းလွှားရင်း အကွက်အသွေး အရောင်အဆင်ကျအောင် ပုံဖော်ရသည့် လွန်းကလေးများကို ကျွန်မ လေးစားအားကျမိရပါသည်။

ချည်ထွေး
စည်းရိုး
အရီးနှင့် ကြီးတော်
နွေသီး
ဂွဲသတ်ချိန်
ဇော်နီကွမ်းသွေး
ဘွားမေသို့မေတ္တာစာ
ဥဒယ
မောင်းမ
တစ်ပင် တစ်ကုံး တစ်ခိုင်လုံးသို့
ပိုလိုကားချပ်များ
အိုဇုန်း
မွေးနေ့ကိတ်
ခွေးတို့အမေ
မြောက်ကျွန်းသူ

293 pages, Paperback

Published March 1, 2010

1 person is currently reading
5 people want to read

About the author

ခင်ခင်ထူး

19 books60 followers
၁၉၆၅ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့၏ ။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါး ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

၂၀၀၁ ရောက်သောအခါ အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃၌ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
1 (33%)
4 stars
2 (66%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
No one has reviewed this book yet.

Can't find what you're looking for?

Get help and learn more about the design.