Love Ends Quotes

Quotes tagged as "love-ends" Showing 1-4 of 4
ကြည်အေး
“ပြောရမှာနည်းနည်းတော့ခက်တယ်။ အချစ်စိတ်ဆိုတာ ရေငြိမ်မဟုတ်ဘူး။ ရေတက်ရေကျရှိတဲ့ ဒီမျှသာဖြစ်တယ်။ နုနုကိုချစ်တဲ့စိတ်ရှိဖူးတာကတော့ မပျောက်ပျက်နိုင်ဘူးပေါ့။ ဒါပေမယ့် အသစ်သစ် ဖြစ်လာတဲ့ အချစ်စိတ်က မရှိတော့ဘူး။ […] ခုဆိုရင် နုနုအကြောင်းစဉ်းစားရတာ သေသွားတဲ့လူအကြောင်း စဉ်းစားရသလိုပါပဲ။ အတိတ်သာရှိတော့တယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်မရှိတော့ဘူး။ ကျွန်တော့်အဖို့ နုနုဟာ တောလည်သွားတုန်းက တွေ့ကြုံခဲ့ရတဲ့ စမ်းရေအိုင်လေးပါပဲ။ ခုအဲသည်ကို ပြန်မရောက်တော့ပါဘူး။”
ကြည်အေး, အပြင်ကလူ

Khine Soe Lung
“ပုံပြင်ဆန်ဆန် ဖြစ်တည်လိုခဲ့သော အတိတ်ကို တခါတရံ အခွင့်ကြုံစဉ်သာ တခုတ်တရ တရလေသည်။ မခံမရပ်နိုင်ဖြစ်စေသော အကြောင်းအရာများ၊ ပန်းချိအောင် ဖြတ်ကျော်ရသော အခက်ခဲများ ကြုံပြန်ကလည်း သူနှင့်ဆိုလျှင် ထိုသို့ဖြစ်မည် မဟုတ်ဟု အထင်ရောက်၏။ တစ်ဖန် ရင်ဆိုင်ဖို့ရှိရင်တော့ ဘယ်သူနဲ့မဆို ဖြတ်သန်းရမှာပါပဲဟု တွေးပြီး စိတ်ဖြေပြန်သော် ဘဝကိုပါ ရွံ့ကြောက်လာသည်။ မမြင်နိုင်သော အနာဂတ်သည် အစအဆုံး ရေးထားပြီးသော ဝတ္ထုများလိုပင် နေသားတကျ စီစဉ်ထားပြီးသားလားဟု တွေးကာ ချက်ချင်းပင် အရှုံးပေးလိုက်လိုစိတ်၊ ကျောခိုင်းလိုက်လိုစိတ် ပေါ်တတ်သည်။”
Khine Soe Lung, လက်အရိုးပါ၍ရေးသောစာများ

Khine Soe Lung
“လိမ္မော်ရောင် တိမ်စိုင်တို့နှင့် ထွက်ခွာလုလု ရောင်နီကို တားဆီးလိုက်ချင်လှသည်။ ခြောက်နာရီမထိုးမီ အချိန်လေးကို သက်တမ်းရှည်စေလိုသည်။”
Khine Soe Lung, လက်အရိုးပါ၍ရေးသောစာများ

David Baldacci
“Things just went sideways. He wasn't the guy I thought he was. And I guess I wasn't the woman he thought I was.”
David Baldacci, Memory Man