မအိမ်ကံ Quotes

Rate this book
Clear rating
မအိမ်ကံ မအိမ်ကံ by ခင်ခင်ထူး
130 ratings, 4.48 average rating, 16 reviews
မအိမ်ကံ Quotes Showing 1-1 of 1
“ပိုရင် အမှိုက် ဖြစ်သတဲ့။ မှန်လိုက်တာ။ လူ့ဘဝမှာ တော့ကော ဘာထူးလို့တုံး။ လူရယ်လို့ဖြစ်ပါပြီဆိုကတည်းက ရှိခဲ့ရသည့် သံယောဇဉ်တွေ၊ တွယ်တာမှုတွေ၊ အစွဲအလမ်း တွေ၊ တပ်မက်မှုတွေ။ သိမ်းလိုက်ရသာ၊ ပိုက်ပွေ့လိုက်ရသာ၊ အထုပ်လို ထမ်းလိုက်ရသာ ဘယ်နည်းလို့တုံး။ ပိုသမျှ မစွန့် နိုင်၊ မပစ်နိုင်၊ မနိုင်ဝန်ဖြစ်ကာမှ ဖြစ်ကရော။ ရွတ်ထားလိုက် ရတဲ့အပူ၊ ပိုးထားလိုက်ရတဲ့သောက၊ ထမ်းထားလိုက်ရတဲ့ ဗျာပါရတွေ။ လေးသည်ထက်သာ လေးတော့သည်။ ဇက်ကျိုးအောင် ရွက်ထားရတာကိုပဲ လေးသည်မထင်ခဲ့။ ဘဝအကြောင်း ကံနှင့် ကံကြမ္မာက ဆွဲဆွဲချတော့မှ လျော့တန်သလောက် လျော့ ရပါ၏။ ဒါတောင် ပိုးတက် လာသည့် ဘဝ ဝန်ထုပ် တွေက ဆင့်ကာ ဆင့်ကာ တိုးချင် နေသေးသည်။ ပိုသမျှ အမှိုက်ဖြစ်ရသာ အမှန်ပါပဲလား။”
ခင်ခင်ထူး, မအိမ်ကံ