ရေအောက်သစ်တောများ
အသစ်တည်ဆောက်ထားတဲ့မြို့ရဲ့ ကျောက်ခဲပုံတွေကြား လှဲအိပ်ကြရတဲ့အခါ၊ (မြေကြီးရဲ့) မို့မောက်ရုန်းကြွမှုမှာ ရေအောက်ကသစ်တောတွေ ယိမ်းခါကြတဲ့အခါ၊လူ့အရေပြားနဲ့လုပ်ထားတဲ့ ပုလွေကိုမှုတ်ဖို့ ပုရိသတေးသံသွင်းဆိုင်ရှေ့မှာတန်းစီစောင့်ကြရတဲ့အခါ…အဲဒါတွေဟာ ရှုမငြီးဖွယ်အသစ်နေထိုင်ခြင်းတွေပေါ့။(မြေကြီးရဲ့) ထိတ်လန့်မှုဟာ သေနတ်ကိုင်ပြီးပြေးလာတဲ့ လူ့အန္ဓတစ်ယောက်ပေါ့။ချောင်းထဲမှာပျောက်သွားတဲ့ ပုဆိန်ပေါ့။ နဝေတိမ်တောင်ဖြစ်နေတဲ့ တောင်ဘက်ကတိမ်တွေပေါ့။ အချိန်ဆိုတာတွေ လျော့ပါးပွန်းပဲ့မသွားခင် ကမ္ဘာကြီးရဲ့ဝင်ရိုးပေါ်ခွထိုင်ပြီး (ရေအောက်သစ်တောတွေရဲ့) ပုရစ်ကြော်တွေကို စားနေမိတယ်။ကျွဲနှစ်ကောင်ကြားကမြေစာပင်ကို စားနေမိတယ်။ နှာခေါင်းရှေ့မှာဝေ့ဝဲဆန်တက်သွားတဲ့ လေချဉ်တက်သံကိုကြားမိတယ်။ လေချဉ်ဟာ ကမ္ဘာကုန်ကျယ်သရွေ့ပြန့်ကားသွားပြီး၊ သည်းခြေပျက်ခြင်းရဲ့ သင်္ချိုင်းဟောင်းတွေကို ပြန်ဖော်တယ်။စားနေတာတွေကိုလည်း ကြားမိတယ်။ ပြောင်းဖူးဟာ ကျီးကန်းရဲ့ပါးကိုကိုက်လိုက်မိတယ်။ လျှပ်စစ်ကုလားထိုင်ပေါ်တက်သွားတဲ့ အမြိုက်တရားကြောင့်ခရီးပန်းနေချိန်မှာတောင် မငိုက်မိအောင် သတိထားလိုက်မိတယ်။ မြေကြီးပေါ်ကလူအရေအတွက်ကို မြေကြီးအောက်ကလူအရေအတွက်နဲ့လည်း စားမိတယ်။ခမာလူသတ်ကွင်းထဲမှာ မီးတွေထွန်းတယ်၊ အရိုးခေါင်းတွေ ရယ်ကြတယ်။
မောင်ဒေး၂၇ ဖေဖော်ဝါရီ ၂ဝ၁၅စရင်စထရန်၊ ကမ္ဘောဒီးယား
Published on May 22, 2015 18:57
No comments have been added yet.
မောင်ဒေး's Blog
- မောင်ဒေး's profile
- 9 followers
မောင်ဒေး isn't a Goodreads Author
(yet),
but they
do have a blog,
so here are some recent posts imported from
their feed.

